Sunday, February 26, 2017

ရုရှားအာကာသကုန်တင်ယာဉ်နှင့် နိုင်ငံတကာအာကာသစခန်းယာဉ် ချိတ်ဆက်



Image may contain: outdoor
မော်စကို ဖေဖော်ဝါရီ ၂၅
ရုရှားနိုင်ငံက လွှတ်တင်ခဲ့သော ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့် အာကာသကုန်တင်ယာဉ်နှင့် နိုင်ငံတကာအာကာသစခန်း ယာဉ်(အိုင်အက်စ်အက်စ်)တို့သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်မိကြောင်း ရုရှားအာကာသခရီးစဉ် ထိန်းချုပ်ရေး စခန်းကပြောကြားသည်။
ပရိုဂရက်စ်-အမ်အက်စ်-၅ အာ ကာသကုန်တင်ယာဉ်သည် နိုင်ငံတကာ အာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်)နှင့် ဖေဖော်ဝါရီ ၂၄ ရက် ဂင်းနစ်စံတော်ချိန် ၈ နာရီခွဲ တွင် ချိတ်ဆက်မိကြောင်း ရုရှားအာကာသယာဉ် ထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို အာရ်အိုင်အေ နိုဗော့စတီသတင်း ဌာနက ကောက်နုတ်ဖော်ပြသည်။
အဆိုပါ အာကာသကုန်တင်ယာဉ် တွင် နိုင်ငံတကာအာကာသစခန်း ယာဉ်ရှိ အာကာသယာဉ်မှူးများအတွက် ထောက်ပံ့ပေးရန် အလေးချိန် ၂ ဒသမ ၅ တန်ရှိသော သိပ္ပံပညာ စူးစမ်းလေ့လာရေးဆိုင်ရာ ကိရိယာများ၊ လောင်စာဆီနှင့် စားနပ်ရိက္ခာများ၊ သောက်သုံးရေ၊ ဆေးဝါးများ၊ အာကာသဝတ်စုံများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အာကာသကုန်တင်ယာဉ်ကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနူး အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆိုယုဇ်-ယူ အမျိုးအစားဒုံးယာဉ်တွင် တင်ဆောင်ကာ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လွှတ်တင်ခဲ့သော ပရိုဂရတ်စ် အာကာသ ကုန်တင်ယာဉ်မှာ လွှတ်တင်ပြီး အချိန်တိုအတွင်း မီးလောင်ပျက်စီးပြီးနောက် ဖေဖော် ဝါရီ ၂၂ ရက်တွင် ယခုအာကာသ ကုန်တင်ယာဉ်ကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment