Sunday, February 26, 2017

ရန်ကုန်မြို့ ၌ တမန်တော်နေ့အခမ်းအနားကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၅

(၁၄၉၁)ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ Strand ဟိုတယ်၌ ကျင်းပ သည်။

တမန်တော်နေ့အခမ်းအနားတွင် ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟာဂျီဦးကျော်ခင်၊ ဗဟိုကော်မတီနာယက ဒေါက်တာ ဦးလှအောင်ကိုယ်စား နာယက ဦးလှမောင်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ 

 ထို့နောက် မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်က ဂုဏ်ပြု အမှာစကားပြောကြားခြင်း၊ တမန်တော်နေ့ ကျင်းပရေးဗဟိုကော်မတီဝင်များက ဓမ္မစကားများပြောကြားခြင်းတို့ကို ပြုလုပ် ခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားကာ ဆုမွန်ကောင်းတောင်း၍ (၁၄၉၁)ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment