Sunday, February 26, 2017

သံဓာတ်ချို့တဲ့မှုနှင့် သွေးအားနည်းရောဂါကို အမျိုးသမီးများနှင့် ကလေးသူငယ်အများစု ခံစားနေကြရပြီး အမျိုးသမီးနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ပေးသွားမည်



Image may contain: one or more people, crowd, sky and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅

သံဓာတ်ချို့တဲ့မှုနှင့် သွေးအားနည်း ရောဂါကို အမျိုးသမီးများနှင့် ကလေး သူငယ်အများစုတွင် ခံစားနေကြရကြောင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။
ယင်းကြောင့် အမျိုးသမီးကျန်းမာ ရေးဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် စုပေါင်းလမ်းလျှောက်ပွဲများကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း Mega Lifescience မှ သိရသည်။
အမျိုးသမီးအများစုတွင် သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါကို ခံစားနေကြရပြီး ကိုယ်ဝန်ဆောင် မိခင်များ၏ ၇၁ ရာခိုင်နှုန်းခန့်၊ ကိုယ်ဝန်ဆောင်မဟုတ်သူများ၏ ၄၅ ရာခိုင်နှုန်းခန့်၊ ကလေးသူငယ်များ၏ ၇ဝ ရာခိုင်နှုန်းခန့် သံဓာတ်ချို့တဲ့မှု ကြောင့် သွေးအားနည်းရောဂါကို ခံစားနေကြရသည်ဟု သိရသည်။
ယင်းကြောင့် Mega Lifescience မှ သွေးအားနည်းရောဂါအကြောင်း ရှင်းလင်းဟောပြောပေးခြင်း၊ သွေးအားနည်းရောဂါရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ဆေးများပေးဝေခြင်းများ အပါအဝင် အမျိုးသမီးများသာမက အားလုံးပါဝင် ဆင်နွှဲနိုင်သော စုပေါင်းလမ်းလျှောက် ပွဲ Ferrovit Walkathon ကို နှစ်စဉ် ပြုလုပ်ပေးလျက်ရှိရာ ယခုနှစ် ဖေဖော် ဝါရီ ၁၉ ရက်က စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Mega Lifescience Ltd တို့ ပူးပေါင်းကျင်းပခဲ့ပြီး အမျိုးသမီးများနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတရရှိစေရန်နှင့် အားလုံးပါဝင်နိုင်သော စုပေါင်း လမ်းလျှောက်ပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းလျှောက်ပွဲကို သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံမှ စတင်တာလွှတ်ကာ ဝေဇယန္တာလမ်းတစ်လျှောက် သစ္စာလမ်းမီးပွိုင့်အထိ သတ်မှတ်အကွာအဝေး ၅ ဒသမ ၅ ကီလို မီတာ (၃မိုင်ခန့်)ကို စုပေါင်းလမ်း လျှောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါအကြောင်း ဒေါက်တာဝင်းဝင်းမြင့်က ဟောပြောခဲ့ပြီး သွေးအားနည်းရောဂါရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်းများ၊ Ferrovit သံဓာတ်အားဆေးများ လက်ဆောင်များ ပေးဝေခြင်း၊ ဂိမ်းများကစားခြင်းနှင့် အသက်အကြီးဆုံး လမ်းလျှောက် ပါဝင်ဆင်နွှဲသူနှင့် အသက်အငယ်ဆုံး လမ်းလျှောက်ပါဝင်ဆင်နွှဲသူ စုစုပေါင်း ၂၄ ဦးကို ဂုဏ်ပြုခြင်းများ ပေးအပ်ခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ကို ပြုလုပ်ခဲ့ပြီး နှစ်စဉ် အမျိုးသမီးကျန်းမာရေးနှင့် စုပေါင်းလမ်းလျှောက်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment