Saturday, February 25, 2017

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အသေခံဗုံးခွဲ၊ လူ ၄ဝ ထက်မနည်းသေဆုံး



ဒမတ်စကက် ဖေဖော်ဝါရီ ၂၄ 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အယ်လ်ဘတ် မြို့အနီးရှိ သူပုန်များအား ပစ်မှတ် ထားကာ အိုင်အက်စ်တိုက်ခိုက်ရေး သမားတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူ ၄ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ် ပြန်ခဲ့သည်။  

 အသေခံ ဗုံးပေါက်ကွဲမှုသည် အယ်လ်ဘတ်မြို့ အနောက်ဘက်ရှိ ဆူစီယန်မြို့တွင် ဖြစ်ပွားခဲ့ပြီး တူရကီ ကျောထောက်နောက်ခံသူပုန်အဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမြို့အား တူရကီစစ်တပ်နှင့် မိတ်ဖက် ဆီးရီးယားသူပုန်များက ဖေဖော်ဝါရီ ၂၃ ရက်က အိုင်အက်စ် များလက်မှ ပြန်လည်သိမ်းယူခဲ့ခြင်း ကြောင့် ယခုလို ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်း အိုင်အက်စ်အဖွဲ့က အစောပိုင်း တွင် ကြေညာခဲ့သည်။ 


ဗြိတိန်အခြေစိုက် စစ်ရေးထိန်းချုပ် မှုလုပ်ဆောင်နေသည့် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုအတွင်းလူ ၄၂ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ သည်။

သို့သော် ရိုက်တာနှင့်ဆက်သွယ် ပြောကြားခဲ့သည့် သူပုန်နှစ်ဦးက သေဆုံးသူအရေအတွက်မှာ ၄ဝ သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့ဦးဆောင်သည့် စစ်သွေြး<ွကများအဖွဲ့နှင့် အမေရိကန်က ကျောထောက်နောက်ခံ ပြုထားသည့် အဖွဲ့နှစ်ဖက်လုံးက ဆီးရီး ယားမြောက်ပိုင်းရှိ အိုင်အက်စ်အဖွဲ့ အား တိုက်ခိုက်ချေမှုန်းနေဆဲဖြစ် ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment