Saturday, February 25, 2017

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၄

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌ ကျင်းပသည်။





အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ''ယခုအစည်းအဝေးသည် မြန်မာ့ ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး စတုတ္ထ အကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ရုပ်ရှင်ကားကြီး ရိုက်ကူးရန် ဇာတ်လမ်းသုံးပုဒ်ကို ပညာရှင်များက ရွေးချယ်ပေး ကြရန်နှင့် ကျန်ဇာတ်လမ်းများကို ရုပ်မြင်သံကြားဇာတ်လမ်း တွဲများ ဆက်လက်ရိုက်ကူးသွားရန် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း''ပြောကြားသည်။

  ယင်းနောက် တက်ရောက်လာကြသော စာပေပညာရှင်ကြီး များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးတို့မှ တာဝန်ရှိသူများက ဇာတ်လမ်း၊ ဇာတ်òန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရွေးချယ်ရေး၊ ရုပ်ရှင်ကားကြီးများနှင့် ရုပ်မြင် သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရေးတို့ကို ဆွေးနွေးညှိနှိုင်း ကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

ယခုအစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တ ပတ် ပွဲတော်အတွက် ပေးပို့လာသော ဇာတ်လမ်း ၄၅ ပုဒ်အနက် ဆန်ခါတင် ၁၁ ပုဒ် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ဇာတ်လမ်း ၁၁ ပုဒ်ထဲမှ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်တွင် ပြသရန် ရုပ်ရှင်ကားကြီး သုံးကားအတွက် ဇာတ်လမ်းသုံးပုဒ်ကို ရွေးချယ်ထားပြီး ကျန်ဇာတ်လမ်းများကို ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရေးညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment