Saturday, February 25, 2017

ဒူတက်တေး၏ မူးယစ်တိုက်ဖျက်သော စစ်ဆင်ရေးကို ဆန့်ကျင်သည့် ဆီးနိတ်လွှတ်တော်အမတ်ကို ဖမ်းဆီး



မနီလာ ဖေဖော်ဝါရီ ၂၄

ဖိလစ်ပိုင်သမ္မတဒူတက်တေး၏ မူးယစ်ဆန့်ကျင်သော စစ်ဆင်ရေးကို အပြင်း အထန် ကန့်ကွက်ဝေဖန်သူဖြစ်သည့် ဖိလစ်ပိုင် ဆီးနိတ်လွှတ်တော်အမတ် လိုင်လာဒီလီမာအား သောကြာနေ့တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ လိုက်ကြောင်း သိရသည်။

ခါးသီးစရာ လုပ်ရပ်တစ်ခုအဖြစ် ဒီလီမာက တင်စားပြောဆိုခဲ့သည့် မူးယစ်ဆန့်ကျင်သည့် စစ်ဆင်သတ်ဖြတ်မှုများကို အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့သည့်အတွက် ¤င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့ သည့် အင်္ဂါနေ့က ဒီလီမာသည် ဒူတက်တေးအား ဒုစရိုက်စိတ်ထားရှိပြီး ဟုတ်တိပတ်တိ ရည်ရွယ်ချက်မရှိဘဲ လူများအား အဆက်မပြတ်သတ်ဖြတ် နေသူတစ်ဦးအဖြစ် ပြောဆိုခဲ့သည်။

ဒီလီမာသည် ပြီးခဲ့သည့်နှစ်က သမ္မတဒူတက်တေး၏ မူးယစ်ဆန့်ကျင် စစ်ဆင်ရေးအတွင်း လိုအပ်သည်ထက်ပို၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုများအဖြစ် စွပ်စွဲကာ ဆီးနိတ်လွှတ်တော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်စေရန် ဦးဆောင်ခဲ့သည်။ ယခုဖမ်းဆီးမှုသည်အာဏာရှင်သဖွယ် ပြုမူ နေသည့် သမ္မတအား ဝေဖန်ပြောဆိုသည့်အတွက် လက်စားချေတုံ့ပြန်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီလီမာအား ဥပဒေအရ တာဝန်ရှိသူများက လူစုလူဝေးဖြင့်ခေါ်ဆောင် လာခြင်းမပြုမီတွင် ၄င်းက အချိန်တန်လျှင် အမှန်တရားပေါ်ပေါက်လာလိမ့် မည်ဖြစ်ကြောင်း ဆီးနိတ်လွှတ်တော်ရုံးအပြင်ဘက်၌ သတင်းထောက်များ ကို ပြောကြားခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment