Sunday, February 26, 2017

မြစ်ငယ်တံတားထိပ် ၁၂ မိုင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် မီးပွိုင့်လိုအပ်နေ



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ မြစ်ငယ်တံတား ၁၂ မိုင် ကားမှတ်တိုင်သည် ရန်ကုန်-မန္တလေး ကားလမ်းနှင့် မြစ်ငယ်-စစ်ကိုင်းဖြတ် လမ်းဆုံရာ လမ်းဆုံလမ်းသုံးခွနေရာ ဖြစ်သည့်အတွက် ယာဉ်မတော်တဆမှု များ မကြာခဏဖြစ်ပွားခဲ့ပြီး ဖြစ်ပွားတိုင်း အသက်သေဆုံးခြင်းများရှိနေခဲ့၍ လမ်း ဖြတ်ကူးသူ ကျောင်းသား၊ ဝန်ထမ်းများ နှင့် ခရီးသွားပြည်သူများ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် လမ်းမကျယ်ကြီးကို ကူးနေရပြီး ယာဉ်မောင်းများမှာလည်း လမ်းကူးနေသည်ကို မြင်တွေ့ ပါလျက်နှင့် အရှိန်လျော့ခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း အား နည်းခြင်းများရှိနေ၍ လမ်းကူးသူများ အပြေးအလွှား လမ်းကူးနေရသည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုများလည်း များရှိနေ၍ သက်ဆိုင်ရာ ယာဉ်ထိန်းနှင့် မီးပွိုင့် လိုအပ်နေကြောင်း သိရသည်။

''ယာဉ်ထိန်းနဲ့မီးပွိုင့် မရှိသေးတဲ့ အတွက် စစ်ကိုင်းကလာတဲ့ယာဉ်နဲ့ ရန်ကုန်-မန္တလေးကားလမ်းပေါ်က လာ တဲ့ယာဉ်တွေ မကြာခဏ ထိပ်တိုက် တွေ့ပြီး တိုက်မိတဲ့အခါ အသေအပျောက် တွေရှိတယ်။ ယာဉ်တွေကလည်း နေ့စဉ် ထောင်ချီဖြတ်သန်းနေတော့ လမ်းဖြတ် ကူးသူတွေအနေနဲ့ အသက်စွန့်ပြီး လမ်းကို ပြေးပြေးလွှားလွှားကူးနေရတယ်။ လမ်း ဖြတ်ကူးတဲ့ ပြည်သူတွေအတွက် မီးပွိုင့် သာရှိရင် အန္တရာယ်မဖြစ်တော့ဘူး''ဟု ၁၂ မိုင် ခရီးသွားမှတ်တိုင်များမှ ပြည်သူ များက ပြောကြားသည်။
မောင်မောင်စိုး(မြစ်ငယ်)

No comments:

Post a Comment