Sunday, February 26, 2017

စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများညီလာခံ ဖေဖော်ဝါရီလကုန်တွင် ကျင်းပမည်



ရန်ကုန် ဖေဖော်ဝါရီ ၂၅



မြန်မာနိုင်ငံတစ်ဝန်း၌ အမျိုးသား စာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက် များ၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ဌာန ဆိုင်ရာအသီးသီးရှိ ရည်òန်းစာကြည့် တိုက်များ၊ သံရုံးများက ဖွင့်လှစ်ထားသော စာကြည့်တိုက် အများအပြားရှိသည်။

ယင်းတို့အနက် နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို အခြေခံ၍ အမှန်တကယ် ရှင်သန်ဖွံ့ဖြိုး အောင် ဆောင်ရွက်နေကြသည့် စာကြည့် တိုက်မှူးများကိုဖိတ်ကြားပြီး ၄င်းတို့၏အောင်မြင်တိုးတက်မှုများကို အားနည်း နေသောရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် များအား ပြန်လည်မျှဝေပေးနိုင်စေရန် ရည်ရွယ်၍ ယခင်နှစ်များနှင့်မတူ တစ်မူ ထူးခြားစွာကျင်းပမည့် စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများ ညီလာခံကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရန်ကုန်မြို့၌ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

 အဆိုပါညီလာခံကို ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်ကျင်းပမည်ဖြစ်ပြီး တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူး ၃ဝဝ ခန့် တက် ရောက်မည်ဖြစ်သည်။ ညီလာခံကျင်းပ ရာတွင် စာကြည့်တိုက်မှူးများ အချင်းချင်း စာကြည့်တိုက်ဆိုင်ရာ အတွေးအမြင် များနှင့် အတွေ့အကြုံများဖလှယ်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ အမှန်တကယ် ရှင်သန်အောင်မြင်နေ သော စာကြည့်တိုက်များ၏ အောင်မြင် ဖွံ့ဖြိုးတိုးတက်မှုများကို အောင်မြင်မှု အားနည်းနေသော စာကြည့်တိုက် များအား ပြန်လည်မျှဝေပေးရန်၊ စာကြည့် တိုက်များ၌ ကြုံတွေ့နေရသည့်အခက် အခဲများ၊ စိန်ခေါ်မှုများကို သိရှိနားလည်၍ ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပူးပေါင်းရှာဖွေရန်၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများအချင်းချင်း ရင်းနှီး ချစ်ကြည်၍ စာကြည့်တိုက်များနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ် ချက်(၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment