Sunday, February 26, 2017

အရည်အချင်းပြည့်ဝသော ပညာရှင်ဝန်ထမ်းများအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ရေး ကြိုးပမ်း



 နေပြည်တော် ဖေဖော်ဝါရီ ၂၅

အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာလျက်ရှိသော နည်းပညာ များကို မျက်ခြည်မပြတ်စေဘဲ လေ့လာမှုနှင့် တီထွင်ဆန်းသစ်မှု များ ပေါင်းစပ်ပြီး အရည်အချင်းပြည့်ဝသော ပညာရှင်ဝန်ထမ်း များအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ် ကြရန်၊ နိုင်ငံနှင့်အဝန်း နေရာဒေသအလိုက် မတူကွဲပြားသော အခြေအနေအမျိုးမျိုးတွင် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားကြရာ၌ မိမိတို့လေ့လာသင်ယူထားသော ပညာရပ် များအပြင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများအပေါ် အခြေခံသုံးသပ်ပြီး အကောင်းဆုံးအဖြေရှာ ဖြေရှင်းဆောင်ရွက် ကြရန်နှင့် မိမိတို့ကိုယ်စီတာဝန်ယူထားသော လုပ်ငန်းများ၏ တာဝန်ဝတ္တရားများအပေါ် တန်ဖိုးထားပြီး စိတ်ရင်းစေတနာ မှန်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁ နာရီက ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုများကို ကြည့်ရှုအားပေးစဉ် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဓာတ်ခွဲ ခန်းများ၊ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘက်စုံ စာသင်ခန်းမနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

 ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲအနေ ဖြင့် ၁၉၈၉ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဆည်ရေစီမံခန့်ခွဲ မှုသင်တန်း (၁၁၈)ကြိမ်တွင် သင်တန်းသား ၄၉၅၂ ဦးကို ပို့ချ ပေးနိုင်ခဲ့ပြီး၊ ဌာနတွင်းသင်တန်း(၃ဝ၇)ကြိမ်မှ သင်တန်းသား ၁ဝ၃၅၈ ဦးကို ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်များ ပို့ချပေး နိုင်ခဲ့သည်။

 ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့၏ အနောက်ဘက်ရှိ မဇင်းရေလှောင်တမံ သို့ ရောက်ရှိကြပြီး တမံအတွင်း ရေသိုလှောင်ထိန်းသိမ်းထား နိုင်မှု၊ ဒေသသောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနိုင်မှု၊ ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ပဲခူးမြို့ပတ်ဝန်းကျင်တွင် မိုးတွင်း ရေကြီး ရေလျှံမှုမှ ကာကွယ်ပေးနိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

 မဇင်းရေလှောင်တမံကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏အနောက်ဘက် ကပ်လျက်စီးဆင်းနေသော မဇင်းချောင်းနှင့် ကြက်သောင်းချောင်းတို့ဆုံရာအထက်တွင် တည်ဆောက်ထား ပြီး တမံအမြင့် ပေ ၆ဝ ၊ တမံအလျား ပေ ၄၁ဝဝ ရှိ မြေသားတမံ အမျိုးအစားဖြစ်ကာ အကျယ် (၄ x ၆)ပေ ၊ အရှည်ပေ ၁၇ဝ ရှိ သံကူကွန်ကရစ်အမျိုးအစား ရေထုတ်ြ>ွပန်တစ်ခုပါရှိသည်။ ကန် ရေပြည့်ရေလှောင်ပမာဏ ၂၆၁၈၆ ဧကပေရှိပြီး အကျယ် ပေ ၃ဝ၊ အလျား၂၈၅ ပေရှိ ရေပိုလွှဲတပ်ဆင်ထားသည်။ တူးမြောင်းမ ကြီး တစ်ခု၊ လက်တံမြောင်း ၁၆ ခုတို့မှ စိုက်ပျိုးရေနှင့် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေး လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment