Sunday, February 26, 2017

အင်းစိန်မြို့နယ်၌ ဝက်သက်ကာကွယ်ဆေးထိုးနှံပေး



Image may contain: 1 person, sitting
ရန်ကုန် ဖေဖော်ဝါရီ ၂၅
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အသက် ကိုးလမှ ငါးနှစ်အတွင်း ကလေး ၁၈၁၄ ဦးနှင့် အသက် ငါးနှစ်မှ (၁၅)နှစ်အတွင်း လူဦးရေ ၂၇၁၆ ဦး စုစုပေါင်း ၄၅၃ဝ တို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ဆေးထိုးစုရပ် ရှစ်နေရာ၊ ဆေးထိုးရက် ရှစ်ရက် သတ်မှတ်၍ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ရပ်ကွက်ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကြီးကြပ်ပြီး ရပ်ကွက်ကျန်းမာရေးဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဉာဏ်ဟိန်း (အင်းစိန်)

No comments:

Post a Comment