Sunday, February 26, 2017

လမ်းခွကျေးရွာအနီးတွင် ဘိန်းဖြူနှင့် စိတ်ကြွမူးယစ်ဆေးပြားများ ကျပ်သိန်း ၁၃ဝဝ ကျော်ဖိုးသိမ်းဆည်းရမိ



Image may contain: one or more people
စစ်ကိုင်း ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် လမ်းခွကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ဘိန်းဖြူနှင့် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ (တန်ဖိုး ငွေကျပ် ၁၃၁၁ သိန်း) သိမ်းဆည်းရမိကြောင်း သိရသည်။
ကသာမူးယစ်တပ်ဖွဲ့စု(၆)မှ ဒုရဲမှူး မြင့်နိုင်ဦး ဦးဆောင်သောအဖွဲ့သည်သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ကသာ-အင်းတော်သွားကားလမ်း လမ်းခွ ကျေးရွာအနီး (၈)မိုင်တွင် စောင့်ဆိုင်း နေစဉ် ကသာမြို့မှ အင်းတော်မြို့သို့ ကားလမ်းအတိုင်း ထွန်းရင် မောင်းနှင်လာသော FEILING 125 အစိမ်းရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာဆိုင်ကယ်ရှေ့ခွကြားတွင် တင်ဆောင်လာသောကျောပိုးအိတ်အတွင်းမှ love is flower စာတန်းပါ ရောင်စုံဆပ်ပြာ ခွက်များအတွင်း ဘိန်းဖြူမှုန့် ၁၁ ဂရမ်စီပါ ဆပ်ပြာခွက် ၁ဝ၁ ခွက် စုစုပေါင်းအလေးချိန် ၁၁၁၁ ဂရမ် ကာလတန်ဖိုး ကျပ် ၁၁၁၁ သိန်း နှင့်အပြာရောင်ပလတ်စတစ် ကပ်ခွာ အိတ်ငယ်များဖြင့်ထည့်လျက် တစ်အိတ် လျှင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စီပါ အထုပ် ၂ဝ စုစုပေါင်းဆေးပြား ၄ဝဝဝ ကာလတန်ဖိုး ကျပ်သိန်း ၂ဝဝ စုစုပေါင်းဘိန်းဖြူနှင့်စိတ်ကြွမူးယစ် ဆေးပြားများ ကာလတန်ဖိုး ငွေကျပ် ၁၃၁၁ သိန်းအား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများသယ်ဆောင်လာသူထွန်းရင် (၄ဝ) နှစ် ကန့်ကော်ရွာ ဗန်းမောက်မြို့နယ်နေသူအား ကသာမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ချစ်လင်း(အင်းတော်)

No comments:

Post a Comment