Sunday, February 26, 2017

ရှမ်းယူနိုက်တက်နှင့် ရန်ကုန် ဂိုးပြတ်အနိုင်ရ



Image may contain: one or more people, people playing sports and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅
၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း နိုင်ပွဲရခဲ့သည်။
(တောင်ကြီးကွင်း)
ရှမ်းယူနိုက်တက် - သုံးဂိုး။
ရခိုင် - ဂိုးမရှိ။

အမှတ်ပေးဇယား ဒုတိယနေရာတွင်ရပ်တည်နေသည့် ရှမ်းယူနိုက်တက် အသင်းသည် ယခုပွဲ ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ထိပ်ဆုံးမှ ရန်ကုန်အသင်းကို သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ရခိုင်အသင်း၏ ခြောက်ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းမှာ ရှမ်းယူနိုက်တက်အသင်း၏ကွင်းတွင် ရပ်တန့်ခံခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ခရစ္စတိုဖာနှင့် ကင်မ်တို့ကို တစ်ပြိုင်နက်အသုံးပြုခဲ့သည်။ ရှုံးပွဲမရှိသေးသည့် ရခိုင်အသင်း ခံစစ်ပိုင်းကို ဖိအားပေးနိုင်ရန် ရှမ်းယူနိုက်တက်အသင်းပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၆ မိနစ်တွင် တိုက်စစ်မှူး ခရစ္စတိုဖာက အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ ခရစ္စတိုဖာသည် ယခုရာသီတွင် ငါးဂိုးမြောက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင် ရခိုင်အသင်း ချေပဂိုးပြန်ရရန် တိုက်စစ်အားမြှင့်လာခဲ့သော်လည်း ရှမ်းယူနိုက်တက် နောက်တန်းအမှားမရှိခဲ့ပေ။ ရှမ်းယူနိုက်တက်အသင်းသည် ခံစစ်ကို စနစ်တကျပိတ်ဆို့ပြီး ဂိုးရရှိရန် ရခိုင် နောက်တန်းအမှားကို စောင့်ကာ တိုက်စစ်ဆင်ခဲ့သည်။ မိနစ် ၇ဝ တွင် ထိုက်ထိုက်အောင်က ရှမ်းယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးထပ်မံ သွင်းယူခဲ့ပြီး ၈၇ မိနစ်တွင် ပင်နယ် တီကန်ခွင့်ရခဲ့သည်။ ယင်းပင်နယ်တီကို ကွင်းလယ်လူ မက်ဆီမင်က သွင်းယူခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
တောင်ငူကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဟံသာဝတီ အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် ၃၉ မိနစ်တွင် နောက်ခံလူ မိုကာလူး နှစ်ဝါတစ်နီဖြင့် အထုတ်ခံရသော်လည်း အဝေးကွင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အတွက် အနိုင်ဂိုး များကို ၁၅ မိနစ်တွင် မိုကာလူး၊ ၅၅မိနစ်နှင့် ၈၆ မိနစ်တို့တွင် အီမီကာတို့က သွင်းယူခဲ့သည်။
ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မန္တလာသီရိကွင်း၌ ရတနာပုံနှင့် Southern ၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်နှင့် မကွေး၊ သုဝဏ္ဏ ကွင်း၌ GFA နှင့် ဇွဲကပင်၊ ပုသိမ်ကွင်း၌ ဧရာဝတီနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - စိုးညွန့်

No comments:

Post a Comment