Wednesday, February 1, 2017

ကိုလံဗီယာအလှမယ် ဖွင့်ပြောလာတဲ့ စတိဗ်ဟာဗေးအတွက် အမှန်တရား

Image may contain: 1 person, standing



ယခုနှစ်အတွက် မယ်စကြဝဠာပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ဝ မှာ ကျင်းပခဲ့ရာမှာတော့ အဆိုပါပြိုင်ပွဲမှာ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်ဟာသသရုပ်ဆောင် စတိဗ်ဟာဗေးအတွက် အမှန်တရားတစ်ခုကို ယခုနှစ်ရဲ့ ကိုလံဗီယာနိုင်ငံကိုယ်စားပြု အလှမယ်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
၂ဝ၁၅ နှစ် မယ်စကြဝဠာပြိုင်ပွဲကြီးမှာ ယမန်နှစ်က ကိုလံဘီယာအလှမယ်ကို မယ်စကြဝဠာအဖြစ် မှာယွင်းကြေညာခဲ့တဲ့ အစီအစဉ်တင်ဆက်သူ စတိဗ်ဟာဗေးရဲ့အမှားအပေါ် ကိုလံဘီယာပြည်သူတွေရဲ့ခံစားချက်ကို ယခုနှစ်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ခါတင်သုံးဦးမှာ ပါဝင်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ရဲ့ ကိုလံဘီယာအလှမယ် အန်ဒရီယာတိုဘာက ပြိုင်ပွဲစင်မြင့်ပေါ်မှာ စတိဗ်ဟာဗေး နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
ယခုနှစ်ပြိုင်ပွဲကြီးမှာ စတိဗ်ဟာဗေးက ကိုလံဘီယာအလှမယ်ရဲ့အလှကိုချီးမွမ်းခဲ့ပြီး သူ့ရဲ့သားကိုလက်ထပ်ကာ ချွေးမအဖြစ် လက်ခံပေးစေချင်ကြောင်း ပြောကြားခဲ့ရာမှာတော့ အန်ဒရီယာတိုဘာက အဆိုပါကမ်းလှမ်းမှုကို လက်မခံခင် သူ့အနေနဲ့ ကိုလံဘီယာပြည်သူတွေရဲ့ စတိဗ်ဟာဗေးအပေါ်ထင်မြင်ချက်ကို အရင်စဉ်စားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ကိုလံဘီယာပြည်သူတွေရဲ့ ခံစားချက်ကို အမှန်အတိုင်းကြားလိုခြင်းရှိ၊မရှိ စတိဗ်ဟာဗေးကိုမေးခဲ့ရာ ဟာဗေးက အမှန်အတိုင်းမကြားနိုင်ကြောင်း ဟာသနှောကာပြောခဲ့ပါတယ်။ ဒါပေမယ့် ကိုလံဘီယာအလှမယ်က အမှန်အတိုင်း ဖြေရမယ်ဆိုပါက ကိုလံဘီယာပြည်သူတွေအနေနဲ့ မှားယွင်းကြေညာခဲ့သူ စတိဗ်ဟာဗေးကို အလွန်ပဲမုန်းနေကြကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အန်ဒရီယာတိုဘာက သူ့အနေနဲ့တော့ လူသားတွေဟာအမှားနဲ့မကင်းနိုင်ကြသူတွေဖြစ်တယ်လို့ လက်ခံ ထားတဲ့အတွက် စတိဗ်ဟာဗေးရဲ့အမှားကို လက်ခံခွင့်လွှတ်ပေးနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာအလှမယ် အန်ဒရီယာတိုဘာဟာ ယခုနှစ်ရဲ့ မယ်စကြဝဠာပြိုင်ပွဲကြီးမှာတော့ the second runner-up ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်က မယ်စကြဝဠာအဖြစ် မှားယွင်းကြေညာခြင်းခံခဲ့ရတဲ့ ကိုလံဘီယာအလှမယ်ကတော့ the first runner-up ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဖောက်ဇ်နယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
အေးပြည့် စုစည်းသည်

No comments:

Post a Comment