Sunday, February 26, 2017

ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်သွားမှာပါ



Image may contain: 1 person, standing
ရန်ကုန် ဖေဖော်ဝါရီ ၂၅
နိုင်ငံတကာလူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ ပရဟိတ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အစရှိသည်တို့ကို ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံက အီဂျစ်နိုင်ငံ သို့ ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည့် Miss Eco Myanmar 2017 ကို ကိုယ်စားပြု Miss ဖြစ်သည့် မေမြတ်နိုးခင်က သွားရောက်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။
Miss Eco Myanmar ၏ National Director ဦးစံဖြိုးဝေက ''ကျွန်တော်တို့ မြန်မာနိုင်ငံကို အနောက် ဥရောပအထိသိရှိအောင် ထိုးဖောက်တဲ့ပြိုင်ပွဲလည်းဖြစ်ပါ တယ်။ Eco ဆိုတာကတော့ သဘာဝပတ်ဝန်းကျင်မှာ ရှိနေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းစောင့် ရှောက်ရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ရည်ရွယ်တာပါ။ ၂ဝ၁၆ ခုနှစ်တုန်းကလည်း ကျွန်တော်တို့ အီဂျစ်နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို နိုင်ငံအတော်များများက သိနေကြပါပြီ။ အဲဒီ ပြိုင်ပွဲတုန်းကလည်း လာရောက်ယှဉ်ပြိုင်ကြတဲ့ မော်ဒယ်တွေကို ကျွန်တော်မိတ်ကပ်ပြင်ပေးခဲ့ပါတယ်''ဟုပြောသည်။
Miss Eco Myanmar 2017 ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားပြု Miss ဖြစ်သည့် မေမြတ်နိုးခင်မှာ လာမည့် မတ် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ် ပြီး ဧပြီ ၁ ရက်တွင် အီဂျစ်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။ ပြိုင်ပွဲအတွင်း နိုင်ငံပေါင်း ၈ဝ မှ ပြိုင်ပွဲဝင် ၈ဝ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများမှာ နိုင်ငံအလိုက် ရိုးရာဝတ်စုံ၊ Eco Dress ဂါဝန်အရှည်၊ ရေကူးဝတ်စုံနှင့် နောက်ဆုံးဖိုင်နယ်ပွဲများ ပါဝင်မည်ဖြစ်ကာ ဧပြီ ၁ ရက်တွင် Miss Eco Myanmar 2017 စတင်မည်ဖြစ်ပြီး ဧပြီ ၁၅ ရက်တွင် ဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
Miss Universe မှ ကြီးမှူး၍ Miss Eco Egypt သို့ သွားရောက် ယှဉ်ပြိုင်မည့် မေမြတ်နိုးခင်က ''Miss တစ်ယောက်အဖြစ်နဲ့ ခုလို သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ပေးခဲ့တဲ့ National ဒါရိုက်တာ ဆရာချန်းလုံကို ကျေးဇူးတင်သလို ဟိုဘက်က Organizer ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဟိုဘက်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာဆိုတော့ ညီမအနေနဲ့ စိတ်ဓာတ် ကြံ့ခိုင်အောင်နဲ့ အမှားအမှန်ကို ခွဲခြားနိုင်အောင် ပြင်ဆင်ထားပါတယ်။ ဒီ Miss Eco ပြိုင်ပွဲမှာလည်း ညီမအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားသွားမှာပါ။ ညီမအနေနဲ့ကတော့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဆုရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာကို လူအများ စိတ်ဝင်စားအောင်နဲ့ ကမ္ဘာက သိအောင်ပါ လုပ်ဆောင်သွားမှာပါ''ဟု ဆိုသည်။
အဆိုပါ Miss Eco Myanmar 2017 အား ဝင်ရောက်ယှဉ်ပြိုင်မည့် Miss မေမြတ်နိုးခင်မှာ Miss Universe လွိုင်ကော် 2016 ဆု၊ Miss Smile Award ဆု အပါအဝင် ဆုပေါင်း လေးခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။
သတင်း - စိုးဝင်း(MLA) ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment