Thursday, February 2, 2017

မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ပထမဆု ရှင်မတောင်သားအသင်းဆွတ်ခူးရရှိ

Image may contain: one or more people, outdoor and food
ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ပထမဆုံးအကြိမ်ကျင်းပသော အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီးနှင့် ဈေးရောင်းပွဲတော်ကြီးပိတ်ပွဲကို ဒဂုံမြို့ နယ် ဦးဝိစာရလမ်းရှိ မိုင်တာကွင်း၌ ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီက ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ် တန်းပြိုင်ပွဲကြီး ပထမဆုကို ရှင်မတောင်သား အသင်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ပြောင်းလဲလာသော ခေတ်နှင့်အစားအသောက်ဓလေ့စရိုက်များအရ ထမင်းနှင့် ဟင်းချက်ပြုတ်လှူဒါန်းသော အလှူကြီးများ နည်းပါးလာသကဲ့သို့ ပညာရှင်များလည်း နည်းပါးလာပြီး တိမ်မြုပ်လုနီးနီးဖြစ်နေသော မြန်မာ့အိုးကြီးချက်ပညာရပ်များ ပြန်လည်ဖော်ထုတ်နိုင်စေရေး၊ အကျိုးအမြတ်ကို မကြည့်ဘဲ စေတနာရှေ့ထားကူညီတတ်ကြသော အိုးသူကြီးများအား ချီးမြှင့်မြှောက်စားပေးနိုင်ရန်နှင့် မြန်မာ့ရိုးရာအစားအသောက်ကဏ္ဍ ပိုမိုမြင့်မားလာစေရန်အတွက်ရည်ရွယ်၍ အဆိုပါ အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော အုပ်စု (က)မှ အလှကိုယ်စီအသင်း၊ ဧရာဝတီသားအသင်း၊ မင်္ဂလာဒုံတပ်နယ်အသင်း၊ စားတော်ကဲအသင်း၊ ကလျာဏအသင်း၊ ဂရုဏာရှင်အသင်း၊ တန်ဖိုးသင့်နေ့လည်စာအသင်းနှင့် ရှင်မတောင်သား
အသင်းတို့ ယှဉ်ပြိုင်ကြပြီး အုပ်စု(ခ) မှ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော နပန်းဆံအသင်း၊ ခေတ်ရေစီးအသင်း၊ မဉ္ဇူသက ရွှေမြန်မာအသင်း၊ အင်းတိုင်တပ်နယ်အသင်း၊ ရန်ကုန်တိုင်းစခန်းရုံးစစ်ဌာနချုပ်အသင်း၊ ရွှေဘုန်းပွင့် ဝါသနာရှင်
အသင်း၊ စေတနာရှင်အသင်းနှင့် ဝင်းရပ်သားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲနောက်ဆုံးရက်ဖြစ်သည့် ဇန်နဝါရီ ၂၉ ရက်က ပြိုင်ပွဲဝင်အသင်းများအား အကဲဖြတ်ဒိုင်များက စားသောက်ကာ အကဲဖြတ်ဆုံးဖြတ် ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး ပထမဆုကို ရှင်မတောင်သားအသင်းကလည်းကောင်း၊ ဒုတိယ ဆုကို မင်္ဂလာဒုံတပ်နယ် အသင်းကလည်း ကောင်း၊ တတိယဆုကို ဝင်းရပ်သားအသင်း ကလည်းကောင်း ဆွတ်ခူးရရှိခဲ့ကာ ပထမဆု ငွေကျပ် သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ် သိန်း ၃ဝ နှင့် တတိယဆုငွေကျပ်သိန်း ၂ဝ အပါအဝင် ဆုတံဆိပ်များအား မြန်မာနိုင်ငံ စားသောက်ဆိုင်
လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ယင်းနှင့်တွဲဖက်၍ မြန်မာ့ရိုးရာလက်ဝှေ့ အောင်လံသိုင်းပြောင်းပြန်လုပွဲများ၊ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ပြိုင်ပွဲများနှင့် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲများမှ ဆုရရှိသူများအား ဆုတံဆိပ် များပေးအပ်ချီးမြှင့်ခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သည့် အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီးနှင့် ဈေးရောင်း ပွဲတော်ကြီး၌ ဈေးပွဲတော်များ၊ ရိုးရာခေါင်းအုံး ရိုက်ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာဒိုးပတ်ပြိုင်ပွဲများ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲများ၊ စက္ကောမ (မှော်အနုပညာ) ပြပွဲများနှင့် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ
များအား ထည့်သွင်းပြသခဲ့ကာ ပွဲတော်လာ ပြည်သူများအား နေ့စဉ် စတုဒီသာ အကျွေးအမွေး အလှူဒါနပြုခဲ့ကြောင်း သိရသည်။
စိုးဝင်း-MLA

No comments:

Post a Comment