Thursday, February 2, 2017

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘိုးဘွားရိပ်သာသို့ အလှူငွေနှင့် စားသုံးဆီများလှူဒါန်း

Image may contain: 6 people, people sitting, table and indoor
စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃ဝ ရက် နံနက် ၁ဝ နာရီက ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အလှူငွေ ကျပ် ၅ဝဝဝဝဝ နှင့် စားသုံးဆီ ၁ဝဝ လီတာကို သွားရောက်လှူဒါန်းရာ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားရိပ်သာသို့ သွားရောက်ကာ ဘိုးဘွားများ၏ စားသုံးမှုကိုကြည့်ရှုခဲ့ကြသည်။ အိပ်ဆောင်များကိုရောက်ရှိကာ ဘိုးဘွား များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ အဆိုပါ ဘိုးဘွားရိပ်သာ၌ အဘိုး ၁ဝ ဦး၊ အဘွား ၂၆ ဦး တို့ကို ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအသင်းမှ စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment