Monday, February 27, 2017

အမေရိကန်နှင့် ဆက်ဆံရေးတင်းမာလျက်ရှိသော်လည်း ရေတပ်စစ်ရေးလေ့ကျင့်မှုများ အီရန်ပြုလုပ်



တီဟီရန် ဖေဖော်ဝါရီ ၂၆

အီရန်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်ကွေ့အဝတို့တွင် တနင်္ဂနွေနေ့က ရေတပ်စစ်ရေးလေ့ကျင့်မှုများ လုပ် ဆောင်ခဲ့ကြောင်း ရေတပ်မတော် အရာရှိချုပ်တစ်ဦးက ပြောကြားခဲ့သည်။

 အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က တီဟီရန်အား သတိထားစောင့် ကြည့်ရမည့်နိုင်ငံအဖြစ် စာရင်းသွင်း လိုက်ပြီးနောက်တွင် အီရန်နှင့် အမေရိကန်နိုင်ငံတို့အကြား တင်းမာမှု များ ပိုမိုပြင်းထန်လာလျက်ရှိရာ အီရန်က ယင်းစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ပြီးခဲ့သည့်လအတွင်းက သမ္မတရာထူး ကို ရရှိခဲ့ပြီးနောက်တွင် ဒေါ်နယ်ထရန့် သည် အီရန်အရေးကို ကိုင်တွယ်ဖြေရှင်း မည်ဟု အလေးအနက် ကတိပေးအပ်ခဲ့ သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ခဲ့သည့် အီရန်နိုင်ငံကို ထရန့်က သတိပေးခဲ့ပြီး ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် စားပွဲထိုင်ဆွေးနွေးခဲ့သည်။

အီရန်အနေဖြင့် အကြမ်းဖက်တိုက်ခိုက် မှုများနှင့် ပင်လယ်ဓားပြရန်ကိုတိုက်ခိုက် နှိမ်နင်းရေးအတွက် လေ့ကျင့်ရန် နှစ်စဉ် ပုံမှန်ပြုလုပ်မြဲဖြစ်သည့် စစ်ရေးလှုပ်ရှား မှုများကို ဟော်မုတ်ရေလက်ကြား၊ အိုမန်၊ ဘက်အယ်လ်မန်ဒက်ပင်လယ် ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း တို့တွင် လေ့ကျင့်သွားမည်ဖြစ်ကြောင်း ရေတပ်အကြီးအကဲ ရီယာအက်ဒမိုင် ရယ်လ် ဟာဘီဘိုလက်က ပြောကြားခဲ့ ကြောင်း ဒေသသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လအတွင်းက ဟော်မုတ် ရေလက်ကြားအနီးတွင် အရှိန်ဖြင့် နီးကပ်စွာခုတ်မောင်းလာသည့် အီရန် အမြန်ရေယာဉ်လေးစင်းကို အမေရိကန် ရေတပ်ဖျက်သင်္ဘောင်္ တစ်စင်းက သတိပေး အမြောက်ပစ်ခတ်မှုပြုလုပ်ခဲ့ သည်။ (ရိုက်တာ)

No comments:

Post a Comment