Monday, February 27, 2017

ကာယဗလမောင်နှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

Image may contain: one or more people and people standing
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ အားကစားကလောင်ရှင် များအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော၂ဝ၁၇ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။
ကာလဗလမောင်ပြိုင်ပွဲသို့ (၅၅) ကီလိုတန်း ၁ဝ ဦး၊ (၆ဝ) ကီလို တန်း ၁ဝ ဦး၊ (၆၅) ကီလိုတန်း ခုနစ်ဦး၊ (၇ဝ) ကီလိုတန်း ငါးဦး၊ (၇ဝ) ကီလိုတန်းအထက် သုံးဦးနှင့် အမျိုး သမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၁ဝ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် (၅၅)ကီလိုတန်းမှ ပထမ မောင်စု၊ ဒုတိယ မောင်ပြည့်စုံ၊ တတိယ ပြည်ဖြိုးခိုင်၊ (၆ဝ) ကီလိုတန်း မှ ပထမ အောင်မျိုးလွင်၊ ဒုတိယ မျိုးဇော်ဦး၊ တတိယ မင်းခန့်၊ (၆၅) ကီလိုတန်းမှ ပထမ မျိုးမင်း၊ ဒုတိယ မျိုးမင်းသန့်၊ တတိယ သန့်ဇော်မျိုး၊ (၇ဝ)ကီလိုတန်းမှ ပထမ မင်းဇော်ထိုက်၊ ဒုတိယ သန်းထိုက်၊ တတိယ အောင်ရဲမွန်၊ (၇ဝ) ကီလိုတန်းအထက် မှ ပထမ ခန့်ထက်ကျော်၊ ဒုတိယ ရဲမာန်အောင်၊ တတိယ ကိုဖြိုးတို့အား မြန်မာနိုင်ငံ အားကစားကလောင်ရှင် များအဖွဲ့ချုပ် အမှုဆောင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ အဓိက ကူညီပံ့ပိုး သော ကုမ္ပဏီများက ဆုများပေးအပ် ကြသည်။
ယင်းနောက် အမျိုးသမီးကာယကြံ့ ခိုင်မှု ဆုရသူများအနက်မှ အကြီးတန်း အမျိုးသမီးပထမဆုရရှိသော မယဉ် မိုးအေးအား လည်းကောင်း၊ ကီလိုတန်း အလိုက်ကာယဗလမောင်ပြိုင်ပွဲ၌ (၇ဝ) ကီလိုတန်းတွင် ပထမရရှိသော မောင်ထက်လင်းကိုကို အားလည်း ကောင်း ၂ဝ၁၇ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု မောင်မယ်များအဖြစ် ရွေးချယ်ပြီး ပြည်ထောင်စု မောင်မယ်ဆုများ ထပ်မံချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(စောသိန်းဝင်း)

No comments:

Post a Comment