Monday, February 27, 2017

အန္တရာယ်ရှိသည့်အဆိပ်ဖြင့် တိုက်ခိုက်ခံရပြီးနောက် မလေးရှားလေဆိပ်၌ အန္တရာယ်ကင်းစွာသွားလာနိုင်ပြီဖြစ်ကြောင်းကြေညာ



ကွာလာလမ်ပူ ဖေဖော်ဝါရီ ၂၆

ပြီးခဲ့သည့်ရက်သတ္တပတ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်၏ အဖေတူအမေကွဲ အစ်ကိုအား မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ ပြင်းထန်သည့် ဓာတုအဆိပ် လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီးသည့်နောက်တွင် အခင်းဖြစ်ပွားခဲ့ရာ လေဆိပ်၌ လုံခြုံရေးဆိုင်ရာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့်အတွက် ဘေးကင်းသွားပြီ ဖြစ်သောကြောင့် ခရီးသည်များ အန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ 

  မြောက်ကိုရီးယားနိုင်ငံသား ကင်ဂျုံနမ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်၌ လူပေါင်းမြောက်မြားစွာကို သေကျေပျက်စီး စေနိုင်သည့် အစွမ်းထက်ဓာတုလက်နက်ဟု ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည့် ဗွီအိတ်စ်အဆိပ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင် ခဲ့သည်။
လေဆိပ်၌ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ ပြီးနောက်တွင် ထောင်ပေါင်းများစွာသော ခရီးသည်များသည် သတ်မှတ်ထား သည့် ဂိတ်အသီးသီးမှ ဖြတ်ကျော်သွားလာနိုင်ခဲ့ကြသည်။


မှုခင်းဆေးပညာဆိုင်ရာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အဏုမြူစွမ်းအင် လိုင်စင်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညသန်းခေါင်အချိန်တွင် ကွာလာ လမ်ပူ နိုင်ငံတကာလေဆိပ်ရှိ ငွေစာရင်းစစ်ရေးဂိတ်ကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့ သည်။
(ရိုက်တာ)

No comments:

Post a Comment