Friday, February 3, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းဒုတိယဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံ



Image may contain: 2 people, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စားစက်မှုလက်မှု လုပ်ငန်းများ ထူထောင်ရေး၊ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment