Wednesday, February 1, 2017

တရားမဝင်သစ်များ သိမ်းဆည်းရမိ

Image may contain: outdoor
နေပြည်တော် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် က ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာ ဒုံမြို့နယ် ပုလဲမြို့သစ်ရပ်ကွက် စကားဝါလမ်း ခြံအမှတ်(၄ဝ၂) ပါဝါ ဝင်းကုမ္ပဏီပိုင် ခြံဝင်းအတွင်းမှ ကုန်သေတ္တာ ၁၆ လုံးအတွင်း ထည့်သွင်းထားသည့် တရားမဝင် ပိတောက်စကွဲယား ခန့်မှန်း ၃၇၅ တန်ခန့်၊ တမလန်းစကွဲယားခန့်မှန်း တန် ၂ဝ ခန့် စုစုပေါင်း ၃၉၅ တန်ခန့် နှင့်အတူ ကုန်သေတ္တာသယ်ဆောင်သည့် ၁ဝ ဘီးယာဉ် ခြောက်စီး၊ ယာဉ် ခုနစ်စီး၊ ပိုင်ရိုက် စက်သုံးလုံး၊ ကုန်သေတ္တာအလွတ် ရှစ်လုံး၊ သက်ဆိုင် သူတစ်ဦးတို့အား ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များအား အသေးစိတ်တိုင်းတာလျက် ရှိပြီး သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)ဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားစွဲ ဆောင်ရွက်မည်ဖြစ်သည်။
ဖမ်းဆီးရမိခဲ့သော တရားမဝင် သစ်များနှင့် ပတ်သက်၍ သတင်းကွင်းဆက် ဖော်ထုတ်ရရှိချက်အရ သစ်တောဝန်ထမ်းများ၊ သစ်တော ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေနှင့်အညီ ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် Ruby Lion Manufacturing Co.,ltd. ပိုင် ဦးထွန်းညိုလမ်း ခြံအမှတ် (၁၆/၆၄) နှင့် (၁၇ဝ) တို့ရှိ ဂိုဒေါင် နှစ်လုံးအတွင်း ဇန်နဝါရီ ၃၁ ရက် နံနက် ၁ဝ နာရီတွင် ရှာဖွေခဲ့ရာ တရားမဝင် ပိတောက်သစ် စကွဲယားတုံး တန် ၂၈ဝ ခန့်နှင့် တရားဝင်မှု စိစစ်ဆဲ တမလန်းသစ် ဘုံတို သုံးတန်ခန့်ကို သိမ်းဆည်းရမိပြီး တရားမဝင်သစ် ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများ အား တရားဥပဒေနှင့်အညီ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment