Wednesday, February 1, 2017

အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေ



Image may contain: 8 people, outdoor
နေပြည်တော် ဇန်နဝါရီ ၃၁
အင်ဒိုနီးရှားနိုင်ငံအစိုးရကပေးအပ်သော ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များဖြစ်သည့် ခေါက်ဆွဲခြောက် သေတ္တာ ၉ဝဝဝ၊ ဂျုံအိတ် ၃၂၂ဝ၊ ဘီစကွတ် သေတ္တာ ၁ဝ၅ဝ၊ လုံချည်အိတ် ၅ဝ တို့မှာ ဇန်နဝါရီ ၂၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က လွှဲပြောင်း လက်ခံရယူခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား ခရိုင်ငါးခုသို့ ဖြန့်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိပြီး မောင်တောဒေသအတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့ခုနစ်ဖွဲ့ ဖွဲ့စည်း၍ ဇန်နဝါရီ ၂၇ ရက်မှ စတင်ထောက်ပံ့ပေးခဲ့ရာ ကျေးရွာအုပ်စု ၂၄ အုပ်စုရှိ ကျေးရွာ ၅၂ ရွာမှ အသိုင်းအဝိုင်းနှစ်ခုလုံးမှ အိမ်ထောင်စုပေါင်း ၁ဝ၅၇၅ စု၊ လူဦးရေ ၉၉၁၆၈ ဦးအတွက် ဂျုံ ၂၁၄၇ အိတ်၊ ခေါက်ဆွဲခြောက် ၅၃၄၉ သေတ္တာ၊ ဘီစကွတ် ၁ဝ၄၈ သေတ္တာနှင့် လုံချည်အထည် ၆၈ဝဝ တို့ကို ဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ ခရိုင်များအတွက် ဖြန့်ဝေမှုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment