Monday, February 27, 2017

၂ဝ၁၇ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် အသင်း ၁ဝ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

Image may contain: 4 people, people playing sports, basketball court, shorts and child
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၇ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲကို မတ် ၁ ရက်မှ စ၍ ရန်ကုန်မြို့ရှိ အမျိုးသားအား ကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်သည်။
ပထမနေ့ နံနက် ၈ နာရီခွဲတွင် ရာမညအသင်းနှင့် Titan XII အသင်း၊ နံနက် ၁ဝ နာရီခွဲတွင် PU အသင်းနှင့် UM အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် မြို့မအသင်းနှင့် White Colour အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် လက်ရှိချန်ပီယံ MIC အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ ညနေ ၄ နာရီခွဲတွင် VUC အသင်းနှင့် UPT အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် ဖူဆယ်လိဂ်ပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့်အသင်း အရေအတွက် တိုးမြင့်လာခဲ့ပြီး အသင်း ၁ဝ သင်းအထိ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ MIC အသင်းအပါ အဝင် ပုံမှန်ယှဉ်ပြိုင်နေသည့်အသင်းများဖြစ်သော ရန်ကုန်စီးတီးအသင်း၊UPT အသင်း၊VUC အသင်း၊ မြို့မအသင်း၊ PU အသင်းတို့အပြင် အသင်းသစ်အဖြစ် ရာမညအသင်း၊ Titan XII အသင်း၊ UM အသင်းနှင့် White Colour အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို မတ် ၁ ရက်မှ ဧပြီ ၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များကို အပတ်စဉ် စနေနေ့များတွင် ပုံမှန်ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် တစ်ပတ်ခြား ကျင်းပမည်ဖြစ်သည်။
ယခုပြိုင်ပွဲကို မြန်မာဘရူဝါရီလီမိတက် က အမေရိကန်ဒေါ်လာ ၆ဝဝဝဝ ဖြင့် ကူညီပံ့ပိုးပေးထားပြီး ဆုကြေးများအဖြစ် ပထမဆုကျပ်သိန်း ၅ဝ၊ ဒုတိယ ဆု ကျပ်သိန်း ၃ဝ၊ တတိယဆု ကျပ် သိန်း၂ဝ၊ စတုတ္ထဆု ကျပ် ၁ဝ သိန်း ချီးမြှင့်မည်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရရှိသည့်အသင်းမှာ ယခု နှစ်အတွင်းကျင်းပမည့် ၂ဝ၁၇ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ဖူဆယ်လိဂ်ပြိုင်ပွဲကို ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး လိဂ်ပြိုင်ပွဲစတင်ကျင်းပစဉ်က ACE အသင်းက အောင်မြင်မှုများရယူနိုင်ခဲ့သော်လည်း လက်ရှိတွင် MIC အသင်းက ချန်ပီယံဆုကိုနှစ်ကြိမ်ဆက်တိုက် ရယူထားနိုင်သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment