Wednesday, February 1, 2017

ထိပ်တန်းအသင်းတွေ နိုင်ပွဲဆက်ဦးမယ့် စပိန်လာလီဂါ ပွဲစဉ် (၂၁)`

Image may contain: 2 people, people playing sports and outdoor


မိုးမြင့်လင်းလက်

စပိန်မြေက လာလီဂါပွဲစဉ် (၂၁)ကို ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်တွေမှာ ဆက်လက်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ တန်းစီဇယားထိပ်ပိုင်းက ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေက ရမှတ်တွေအပြည့် စုဆောင်းနိုင်မလားကြည့်ရမှာဖြစ်ပြီး တိုက်စစ်မှူးတွေရဲ့ အားပြိုင်မှုကိုလည်း သုံးသပ်ခွင့်ရဦးမှာ ဖြစ်ပါတယ်။ နှစ် သင်းစလုံးရဲ့ ထိပ်တန်း တိုက်စစ်အတွဲတွေဟာ ပြိုင်ဘက် တွေကို ကျော်ဖြတ်ဂိုးသွင်းတဲ့အခါ ဘယ်သူတွေက အား သာချက်ရှိမလဲကြည့်ရမှာဖြစ်သလို အသင်းငယ်တွေရဲ့ အားထည့်ကစားမှုတွေကလည်း ဘယ်လောက်အထိ ရလဒ်အပြောင်းအလဲဖြစ်ပေါ်သွားနိုင်မလဲဆိုတာ စောင့် ကြည့်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ဘီလ်ဘာအို
နိုင်ပွဲရပြီး ဂိုးသွင်းအားကောင်းလာတဲ့ ဘာစီလိုနာ တို့ကတော့ အခုပွဲက အိမ်ကွင်းလည်းဖြစ်တာမို့ ဂိုးပြတ် သွင်း အောင်ပွဲခံနိုင်ရေးကို ဦးတည်ကြိုးစားပါလိမ့်မယ်။ ဘီလ်ဘာအိုတို့ကတော့ လောလောဆယ်မှာခြေစွမ်းကျ ဆင်းနေပြီး ရလဒ်လည်း မကောင်းဘဲဖြစ်နေပါတယ်။ ဘာစီလိုနာတို့ကတော့ နျူးကမ့်ကွင်းမှာ ဘီလ်ဘာအိုကို နောက်ဆုံး လက်ခံကစားခဲ့တဲ့ သုံးပွဲမှာ သုံးပွဲစလုံး အနိုင်ယူခဲ့တာမို့ အခုပွဲမှာလည်း အဲဒီမှတ်တမ်းကောင်း ကို ဆက်လက်ရေးထိုးဖို့ ကြိုးစားပါလိမ့်မယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ အောင်ပွဲခံပါလိမ့်မယ်။
ဆီဗီလာနှင့် ဗီလာရီးရဲ
ဆီလီဗီလာတို့က ခြေစွမ်းကောင်းမွန်ရင် ပြိုင်ဘက် ဘယ်အသင်းမဆို နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ပါတယ်။ ဗီလာရီးရဲက ဆိုလ်ဒါဒို၊ ချီရီချက်တို့ ဒီပွဲမှာ ပြန်ကစား နိုင်မှာဖြစ်ပေမယ့် ခြေမှန်ရရှိနေတဲ့ ဆီဗီလာကို ကျော် လွှားနိုင်ဖို့တော့ မလွယ်ပါဘူး။ တန်းစီဇယား ဒုတိယ နေရာမှာ ရပ်တည်နိုင်ရေး တစ်သင်းလုံး အားထုတ်မယ့် ဆီဗီလာတို့က ဒီပွဲရလဒ်ကို အနိမ့်ဆုံး တစ်မှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ရလဒ် က ဂိုးမရှိသရေပွဲဖြစ်ခဲ့တာမို့ အခုပွဲမှာတော့ ဆီဗီလာတို့ သုံးမှတ်အပြည့်ယူပြီး အောင်ပွဲခံပါလိမ့်မယ်။
ဗလင်စီယာနှင့် အီဘာ
ပထမအကျော့ အီဘာကွင်းမှာတော့ အီဘာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရထားခဲ့ပါတယ်။ နည်းပြ ဗိုရိုက ဗလင်စီယာကို ကောင်းကောင်းကိုင်တွယ်နိုင်တာမို့ ပွဲ တိုင်း အမှတ်မဆုံးရှုံးအောင် ကြိုးစားနိုင်နေတာကို အီဘာတို့ သတိပြုရမှာပါ။ ဗလင်စီယာမှာ နာနီ၊ မူနီယန် တို့ကြောင့် ကစားအားကောင်းနေတာမို့ အီဘာအတွက် မျှော်လင့်ချက်မဲ့သွားနိုင်တဲ့ပွဲပါပဲ။
ဒီပို့တီဗိုနှင့် ဘက်တစ်
အဝေးကွင်းမှာ ရလဒ်မကောင်းတတ်ပေမယ့် အိမ် ကွင်းမှာ နိုင်ပွဲရအောင် အားထုတ်နိုင်တဲ့ ဒီပို့တီဗိုဟာ ဘက်တစ်ကို အလေးထားကစားပါလိမ့်မယ်။ ဘက်တစ် တို့လည်း ပွဲတိုင်းခြေစွမ်းတည်ငြိမ်တာမို့ အခုပွဲ အဝေး ကွင်းမှာ အားထည့်ကစားရပါဦးမယ်။ ဒါပေမယ့် ပထမ အကျော့ဂိုးမရှိသရေပွဲရလဒ်မျိုးကို အိမ်ရှင် ဒီပို့တီဗိုတို့ လက်ခံမှာ မဟုတ်တဲ့အတွက် ဒီပွဲမှာ အိမ်ရှင်တို့ အနိုင် ယူမယ့်လို့ ယုံကြည်နေပါတယ်။
ဆယ်တာဗီဂိုနှင့် ရီးရဲမက်ဒရစ်
ရီးရဲမက်ဒရစ်တို့အတွက် သတိထား ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဆယ်တာဗီဂိုတို့က ပြီးခဲ့တဲ့ ကိုပါဒယ်ရေး ဖလားကွာတားဖိုင်နယ်မှာ ရီးရဲမက်ဒရစ်ကို အနိုင် ကစားခဲ့တာကြောင့် အခုပွဲမှာ ရီးရဲမက်ဒရစ်တို့ လူစုံ ထုတ်မှရမယ့်အနေအထားပါပဲ။ ဒီနှစ် လာလီဂါမှာ ပထမအကျော့ ကစားခဲ့စဉ်က ရီးရဲမက်ဒရစ်တို့က နှစ် ဂိုး-တစ်ဂိုးနဲ့ နိုင်ခဲ့တာမို့ ဒီပွဲမှာ အဲဒီရလဒ်ထွက်ဖို့တော့ ခဲယဉ်းမှာ အမှန်ပါပဲ။ ဒဏ်ရာပြဿနာရှိနေတဲ့ ရီးရဲမက် ဒရစ်တို့ ဒီပွဲမှာ အမှတ်ခွဲယူရကိန်းဆိုက်သွားနိုင်ပါတယ်။
အက်သလက်တီကိုနှင့် လီဂါနက်
ပထမအကျော့တွေ့ဆုံမှုမှာ ဂိုးမရှိသရေပွဲဖြစ်ခဲ့လို့ အခုပွဲမှာတော့ အက်သလက်တီကိုတို့ အနိုင်ရအောင် စွမ်းဆောင်ပါလိမ့်မယ်။ ရလဒ်တွေကမောက်ကမဖြစ်နေ လို့ အဆင့် (၄) နေရာမှာ ရပ်တည်နိုင်အောင် ကြိုးစားရုန်း ကန်နေရတဲ့ အက်သလက်တီကိုဟာ ဒီပွဲကို မဖြစ်မနေ နိုင်ပွဲရှာဖွေပါလိမ့်မယ်။ ခံစစ်ကို လုံအောင်အားပြု ကစားတတ်တဲ့ လီဂါနက်တို့ကတော့ ဒီပွဲမှာ အက်သလက် တီကို တိုက်စစ်ကိုဟန့်တားရင်း အချိန်ကုန်သွားပါလိမ့် မယ်။
မာလာဂါနှင့် အက်စ်ပန်ညို
ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ မာလာဂါတို့ လည်း တန်းဆင်းဇုန်အတွင်း မကျဆင်းအောင် ကြိုးစား နေရပြီဖြစ်ပါတယ်။ အဝေးကွင်းမှာ ခြေစွမ်းပြနိုင်တဲ့ အက်စ်ပန်ညိုတို့ကတော့ ဒီပွဲမှာ မာလာဂါရဲ့ ခြေစွမ်း အတတ်အကျပေါ်လိုက်ပြီး အခွင့်အရေးယူနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ရလဒ် က နှစ်ဂိုစီသရေပွဲဖြစ်ခဲ့တာကြောင့် ဒီပွဲမှာလည်း သရေ ရလဒ်ထွက်ပေါ်ဖို့ များနေတာမို့ တစ်မှတ်စီခွဲယူရကိန်း ဆိုက်သွားနိုင်ပါတယ်။ ။

No comments:

Post a Comment