Wednesday, February 1, 2017

ဂိုးစံချိန်တင်သွင်းတဲ့ ရွန်းနီကို ရွှေဖိနပ်ဆု ချီးမြှင့်

Image may contain: 2 people, people smiling

ကောင်းမြတ်သူ - စုစည်းသည်

မန်ယူတိုက်စစ်မှူး ရွန်းနီကို အသင်းအတွက် ဂိုးစံချိန်တင်သွင်းယူပေးခဲ့တဲ့အတွက် ရွှေ ဖိနပ်ဆုချီးမြှင့်ခဲ့ပါတယ်။ ရွန်းနီဟာ စတုတ်စီးတီးနဲ့ ကစားတဲ့ပွဲမှာ မန်ယူအတွက် ဂိုး ၂၅ဝ မြောက် သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူအသင်းမှာ ဂိုးအများဆုံး သွင်းယူနိုင် တဲ့ စံချိန်ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ယခင်စံချိန်တင်ဂိုး အများဆုံးသွင်းထား တဲ့ ဆာဘော်ဘီချာလ်တန်က ရွန်းနီကို ဂိုးအများဆုံး စံချိန်တင်သွင်းယူပေးခဲ့တဲ့အတွက် ရွှေဖိနပ်ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ရွန်းနီဟာ မန်ယူအသင်းမှာ ဂိုးအများဆုံး သွင်းယူသူ ဖြစ်လာပါပြီ။ ရွန်းနီဟာ ဆာဘော်ဘီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီးနောက် အိုးထရက်ဖို့ အိမ်ကွင်းမှာ ဝီဂန်အသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထဆင့် ကစားရမှာဖြစ်ပါတယ်။ ရွန်းနီဟာ မန်ယူနဲ့ ပွဲပေါင်း ၅၄၅ ပွဲမြောက်အဖြစ် ကစားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ချန်ပီယံလိဂ်၊ ပရီမီယာလိဂ်နဲ့ အက်ဖ်အေဖလားတွေကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလား နှစ်လုံးနဲ့ ပရီမီယာလိဂ်ဖလား ငါးလုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

No comments:

Post a Comment