Wednesday, February 1, 2017

ရသင့်ရထိုက်သော အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေးသည် အရေးကြီးသောကိစ္စဖြစ်

No automatic alt text available.


နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အသုံးစရိတ်များကို ပြည်ထောင်စုကကောက်ခံရရှိသည့် အခွန်ငွေများအပေါ်တွင် ရပ်တည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်းကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ထိုသို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရသင့် ရထိုက်သော အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေး သည် အလွန်အရေးကြီးသောကိစ္စဖြစ်ပါကြောင်း၊ အခွန်တိုးတက် ကောက်ခံရရှိရန်ဆောင်ရွက်သည့်အခါ အခွန်ထမ်းပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်ဝင်ငွေများ အပြည့်အဝရရှိရေး၊ သင့်တင့် မျှတပြီး ပြည်သူများလိုက်နာထမ်းဆောင်နိုင်မည့် အခွန်နှုန်းထား များဖြစ်စေရေး၊ ပြည်သူများအခွန်ဆိုင်ရာ အသိပညာဗဟုသုတ များတိုးပွားပြီး အခွန်ကိုလိုလိုလားလား ထမ်းဆောင်လာစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့်လျော်ညီသောအခွန်စနစ် ဖြစ်ပေါ်လာ ရေး၊ အခွန်တိမ်းရှောင်မှု ပပျောက်ရေးတို့ကိုအခြေခံပြီး ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အခွန် ဝန်ထမ်းများ၏ စိတ်ထားခံယူချက်နှင့် လုပ်ဆောင်ချက် များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေးဒဏ် ပေးစနစ်ကို ကျင့်သုံးဆောင်ရွက်ရေး၊ အခွန်ပညာပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာ အဆင့်မီအခွန်စနစ်ဖြစ်ပေါ် လာစေရေးတို့အတွက် ပြည်ပမှကျွမ်းကျင် သူများ၏ အကူအညီကိုပါရယူ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြား သည်။
အလားတူ ဒုတိယဝန်ကြီးက ပြည်ထောင်စု၏ အခွန်အကောက်ဖွဲ့စည်း မှုနှင့်ပတ်သက်၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအတွက် ကောက်ခံခဲ့သည့် အခွန်အကောက် အမျိုးအစားပေါင်း ၁၈ မျိုးရှိခဲ့ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အခွန် အမျိုးအစား သုံးမျိုး အသစ်ထပ်မံတိုး ခဲ့ရာ စုစုပေါင်းကောက်ခံရမည့် အခွန်အကောက်သည် ၂၁ မျိုးဖြစ်လာပါ ကြောင်း၊ အသစ်တိုးလာသည့် အခွန် အကောက် သုံးမျိုးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကောက်ခံမည့် မုတ်ကောင်၊ ဝတ်ဆံ၊ တွင်းခွန်၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက ကောက်ခံမည့် ခရီးသွားလာရေးလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်၊ ခရီးသွားလာသူ များ ပို့ဆောင်ရေးလိုင်စင်၊ ဧည့်လမ်းòန် လုပ်ငန်းလိုင်စင်တို့နှင့် စပ်လျဉ်းသည့် လိုင်စင်ကြေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အထူးခွန်ဥပဒေအရ ပြဋ္ဌာန်းကောက်ခံမည့် အထူးကုန်စည် ခွန်တို့ဖြစ်ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွက် အခွန်အကောက် ရငွေလျာထား ချက် မူလခန့်မှန်းခြေစာရင်းအရ ကျပ် ၆၂၁၉ ဒသမ ၇၅၉ ဘီလီယံဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ပထမခြောက်လပတ် အခွန်အကောက် အမျိုး ၂ဝ မှကောက်ခံရန်လျာထားချက်မှာ ကျပ် ၂၁၄၁ ဒသမ ၈၃၃ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှု ကျပ် ၂၅၄၈ ဒသမ ၄ဝ၁ ဘီလီယံဖြစ်သည့်အတွက် အကောင် အထည်ဖော်နိုင်မှုရာခိုင်နှုန်း ၁၁၈ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပထမခြောက် လပတ် အခွန်အကောက်လျာထားချက် ကျပ် ၂ဝ၂၇ ဒသမ ၆၄၂ ဘီလီယံဖြစ်ပြီး အမှန်ကောက်ခံရရှိငွေ ၂၃၅၇ ဒသမ ၈ဝ၅ ဘီလီယံဖြစ်သည့်အတွက် အကောင် အထည်ဖော်နိုင်မှု ၁၁၆ ဒသမ ၂၈ ရာခိုင် နှုန်းဖြစ်ခဲ့ပါကြောင်း၊ ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ပိုမိုတိုးတက် ကောက်ခံရရှိသည့် အခြေအနေဖြစ်ပါ ကြောင်း၊ အကောင်အထည်ဖော်နိုင်မှု နှင့်ပတ်သက်ပြီး တာဝန်ယူကောက်ခံခဲ့ သည့်ဌာနများအလိုက် ခွဲခြားတင်ပြရမည် ဆိုပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက တာဝန်ယူကောက်ခံသည့်အခွန် ခြောက်မျိုးအတွက် အခွန်ကောက်ခံရန် လျာထားချက် ကျပ် ၁၆၄၅ ဒသမ ၈ဝ၈ ဘီလီယံ၊ ကောက်ခံရရှိမှု ကျပ် ၁၉၈၁ ဒသမ ၉၇၇ ဘီလီယံဖြစ်သဖြင့် အကောင် အထည်ဖော်နိုင်မှု ၁၂ဝ ဒသမ ၄၂ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ အခြားပြည်ထောင်စု ဝန်ကြီးဌာန ရှစ်ခုက တာဝန်ယူကောက်ခံ သော အခွန် ၁၄ မျိုးအတွက် လျာထား ချက် ကျပ် ၄၉၆ ဒသမ ဝ၂၅ ဘီလီယံ၊ ကောက်ခံရရှိမှု ကျပ် ၅၆၆ ဒသမ ၄၂၄ ဘီလီယံဖြစ်သည့်အတွက် အကောင် အထည်ဖော်နိုင်မှု ရာခိုင်နှုန်း ၁၁၄ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ယနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ဥပဒေကြမ်းများရေးဆွဲမှုအခြေအနေ၊ နည်းဥပဒေများ၊ မထုတ်ပြန်ရသေးသော ဥပဒေများနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကို ဘာသာ ပြန်ဆိုပေးရေးတို့နှင့်စပ်လျဉ်း၍ ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေများနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့ အစည်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ရှင်းလင်းတင်ပြရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ၂ဝ၁၇-၂ဝ၁၈ ခု ဘဏ္ဍာရေးနှစ် အသုံးစရိတ်လျာထားချက် တွင် သာမန်သုံးစရိတ်ငွေကျပ် ၃၂၆၁၁ ဒသမ ၂၈ဝ သန်း၊ ငွေလုံးငွေရင်း အသုံး စရိတ်ငွေကျပ် ၇၉၅၃၇ ဒသမ ၄၂ဝ သန်း၊ စုစုပေါင်းငွေကျပ် ၁၁၂၁၄၈ ဒသမ ၇ဝဝ သန်း လျာထားတင်ပြထားပါကြောင်း၊ သာမန်အသုံးစရိတ် $ ၃၂၆၁၁ ဒသမ ၂ဝဝ သန်း မှာ လစာနှင့် အုပ်ချုပ်မှုသုံးအတွက် သာမန်အသုံးစရိတ် ငွေကျပ် ၂ဝ၃၅၇ ဒသမ ၅ဝ၇ သန်း၊ ထောက်ပံ့အသုံးစရိတ် ငွေကျပ် ၁၂၂၅၃ ဒသမ ၇၇၃ သန်းတို့ကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်းရင်းနှီး မြှုပ်နှံ မှု(ငွေလုံးငွေရင်းအသုံးစရိတ်) လျာ ထားချက် ငွေကျပ် ၇၉၅၃၇ ဒသမ ၄၂ဝ သန်းမှာ ဆောက်လုပ်ရေးအသုံးစရိတ်ကျပ် ၁၇ဝ၇ ဒသမ ၅၆ဝ သန်း၊ အခြား အသုံးစရိတ် ကျပ် ၈၂ ဒသမ ၇ဝဝ သန်းတို့ကို တောင်းခံခြင်းဖြစ်ပါ ကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းနှင့် အညီ ဘဏ္ဍာငွေအခြေအနေပေါ် ချင့်ချိန် လျက် နယ်စပ်ဒေသများ၏ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့် Infrastructure လုပ်ငန်း များနှင့် နိုင်ငံတော်အကြီးအကဲများ လမ်းòန်ချက်၊ လွှတ်တော်ကတိကဝတ် များ၊ တိုင်း/ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တင်ပြချက်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ တင်ပြ ချက်များ၊ ငြိမ်းချမ်းရေးနှင့် (IDP) ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၏ စားဝတ်နေရေးကိစ္စရပ်များနှင့်စပ်လျဉ်း သည့် လုပ်ငန်းများကိုသာ ရန်ပုံငွေ အနည်းဆုံးဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးလျာထားတောင်းခံထားခြင်း ဖြစ်ပါ ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ အရအသုံးခန့်မှန်း ခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ တင်ပြ လျာထားချက်များအပေါ် အကြံပြုပေးနိုင် ပါရန်နှင့် အတည်ပြုပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာနှစ်နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက် ရှိ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ဦးစီးဌာနများနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများက ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် တင်ပြ ငွေကျပ် ၆၄၇ ဒသမ ၈၅၁ ဘီလီယံတွင် ဆောက်လုပ်ရေးအသုံးစရိတ် ကျပ် ၇၅ ဒသမ ၆၄၈ ဘီလီယံ၊ စက်ပစ္စည်းအသုံး စရိတ် ကျပ် ၅၁၆ ဒသမ ၅၇၈ ဘီလီယံ၊ အခြားအသုံးစရိတ်ကျပ် ၅၅ ဒသမ ၆၂၅ ဘီလီယံပါဝင်ပါကြောင်း၊ ချေးငွေကျပ် ၃၆၉ ဒသမ ၈၅၉ ဘီလီ ယံအကူအညီရငွေ (ထောက်ပံ့ငွေ)ကျပ် ၃ ဒသမ၂ဝ၃ ဘီလီယံ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော ကော်ပိုရေးရှင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များ မှာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ် စုစုပေါင်း ကျပ် ၇၁ ဒသမ ၈၄၆ ဘီလီယံတွင် ဆောက်လုပ်ရေးအသုံး စရိတ် ကျပ် ၁ ဒသမ ၂၂၄ ဘီလီယံ၊ စက်ပစ္စည်း အသုံးစရိတ်ကျပ် ၆၂ ဒသမ ၆၅၉ ဘီလီယံ၊ အခြားအသုံးစရိတ် ကျပ် ၇ ဒသမ ၉၆၃ ဘီလီယံရှိပြီး ချေးငွေအနေဖြင့် ကျပ် ၃၆ ဒသမ ၃၈၅ ဘီလီယံ ပါဝင်ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မဖြစ် မနေအကောင် အထည်ဖော်ဆောင်ရွက် ရန်လိုအပ်သည့် စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်ရမည့် ရေအားလျှပ်စစ်စီမံကိန်းကြီး များကို ဥပဒေကြမ်း၌ တင်ပြထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ ကျပ် ၆၄၇ ဒသမ ၈၅၁ ဘီလီယံဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် သာမန်ရငွေ လျာထားချက်များကို ပြည့်မီအောင် အကောင်အထည်ဖော် နိုင်ရေး၊ သာမန်အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲပြီး နွေရာသီ ဓာတ်အားမပြတ်တောက်ရေး၊ ယူနစ် ပျောက်ဆုံးမှုလျော့ကျရေးတို့ကို အလေး ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန ၁၅ ခု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့များမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်း များနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြကြသည်။
(သတင်းစဉ်)

No comments:

Post a Comment