Sunday, February 26, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) ဂေါက်သီးအားကစားပြိုင်ပွဲ ဆုချီးမြှင့်



Image may contain: 3 people, people on stage and people standing
 နေပြည်တော် ဖေဖော်ဝါရီ ၂၅

၂ဝ၁၆-၂ဝ၁၇ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ)ဂေါက်သီးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ဂေါက်ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆုချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လိုင်းနှင့် အနီးဆုံးရိုက်ချက် ဆုရရှိသူများ၊ ကျင်းနှင့် အနီးဆုံးရိုက်ချက် ဆုရရှိသူများ၊ အဝေးဆုံးရိုက်ချက် ဆုရရှိသူများ၊ တစ်ဦးချင်း (အကျောပေး)ပြိုင်ပွဲနှင့် တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲများတွင် အကောင်းဆုံး ဆုရရှိသူများ၊ Par များဆုံးဆု၊Birdie အများဆုံးဆု၊Eagle အများဆုံးဆု၊ တစ်ချက်တည်း ကျင်းဝင်ဆုရရှိသူများ၊ တစ်ဦးချင်း (အကျောပေး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ များ၊ တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် တတိယ ဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်(လေ)အသင်းတို့အား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

 ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(လေ)အသင်းနှင့် အသင်း လိုက် (အကျောမဲ့)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကာကွယ် ရေးဦးစီးချုပ်(ရေ)အသင်းတို့ကို ဆုများပေးအပ်ချီးမြှင့် သည်။

 ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) အသင်းနှင့် အသင်းလိုက်(အကျောမဲ့)ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းတို့အား တံခွန် စိုက်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment