Sunday, February 26, 2017

ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်



Image may contain: one or more people and people sitting
မကွေး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ သင်တန်းနည်းပြ လေးဦး၊ သင်တန်းသားအရာရှိ ၅ဝ စုစုပေါင်း ၆၆ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မေသူလွင်(မကွေးကိုယ်ပွား)

No comments:

Post a Comment