Saturday, February 25, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဆိုင်ရာသတင်းအချက်အလက်ဗဟိုဌာနရုံး တည်ဆောက်မည့်မြေနေရာအား ကြည့်ရှု



ရန်ကုန် ဖေဖော်ဝါရီ ၂၄

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဂျပန်နိုင်ငံ Asia-Pacific Water Forum (APWF) Secretariat ရုံးမှ Secretary-General Mr. Kotaro Takemura အား ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 တွေ့ဆုံစဉ် ဂျပန်နိုင်ငံတွင် ပထမ အကြိမ်ကျင်းပခဲ့သည့် အာရှပစိဖိတ် ရေညီလာခံနှင့် ထိုင်းနိုင်ငံတွင် ဒုတိယ အကြိမ်ကျင်းပခဲ့သည့် ရေညီလာခံ အတွေ့အကြုံများ၊ ရန်ကုန်မြို့တွင် တတိယအကြိမ် အာရှပစိဖိတ်ရေညီလာခံ ကျင်းပရန် အဆိုပြုထားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်း ဒေသကြီးဝန်ကြီးများ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းလွင်နှင့် ဂျပန်နိုင်ငံ Asia-Pacific Water Forum (APWF) Secretariat ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတသည် မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ ရေဆိုင်ရာသတင်းအချက် အလက် ဗဟိုဌာနရုံးတည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှု သည်။
(သတင်းစဉ်)

No comments:

Post a Comment