Saturday, February 25, 2017

လူတစ်ယောက်ဟာမွေးဖွားပြီးချိန်မှစလို့ သေဆုံးတဲ့အချိန်ထိ စိတ္တသုခ၊ ခန္ဓသုခပြည့်စုံဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

''လူတစ်ယောက်ဟာမွေးဖွားပြီးချိန်မှစလို့ သေဆုံးတဲ့အချိန်ထိ စိတ္တသုခ၊ ခန္ဓသုခ ပြည့်စုံဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ အရေးကြီး ပါတယ်လို့'' ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပသည့် ပထမအကြိမ်အရပ်ဘက်အဖွဲ့အစည်း များဖိုရမ်တွင် ပြောကြားခဲ့သည်။

  ထို့ပြင် ဒေါက်တာတင်မျိုးဝင်းက''ငြိမ်းချမ်းရေးနဲ့ တစ်ဆက် တည်း နောက်ကတွဲပါလာတာ လူမှုအဖွဲ့အစည်းအလိုက်၊ ဒေသ အလိုက်၊ လူမျိုးအလိုက်၊ နောက်ဆုံး တိုင်းပြည်အထိ ဖွံ့ဖြိုး တိုးတက်မှုဆိုတာပါ တွဲပါလာတာဖြစ်ပါတယ်။
''အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးကိုသွားတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းများသာမက ဒုတိယပိုင်းတည်ဆောက်ရမယ့် အရပ် ဘက်အဖွဲ့အစည်းတွေအနေနဲ့ အခုလို စိတ်ပါလက်ပါ ဝိုင်းဝန်း ဆောင်ရွက်ကြမယ်ဆိုရင် အားလုံးရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်း ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ လူမျိုးအလိုက်ဖွံ့ဖြိုးရေး၊ တိုင်းပြည် ဖွံ့ဖြိုးရေးစတာတွေဟာ အမြန်ဆုံးအကောင်အထည်ပေါ်လာ မယ်လို့ ယုံကြည်ပါတယ်။
''ငြိမ်းချမ်းရေးဖြစ်စဉ်သွားတဲ့တစ်ပြိုင်တည်းမှာပဲ အရပ် ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အရေးပါမှု၊ အရေးကြီးမှု၊ အထူး သဖြင့် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ အသံတွေ၊ ပြဿနာတွေကိုကြားဖို့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ နိုင်ငံရေးဖိုရမ်လိုမျိုးသွားဖို့လိုအပ်တယ်လို့ အစည်းအဝေးမှာချပြထားပါတယ်''ဟု ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ''ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ တွေ ပါဝင်လာမှုအားကောင်းအောင် ဆောင်ရွက်နိုင်မှသာ အခက်အခဲတွေဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်တို့အားလုံး သဘောပေါက်လက်ခံထားပြီးဖြစ်ပါတယ်။

''ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေပါဝင်လာခြင်းဟာ ပြည်သူတွေက မိမိတို့ဘဝရပ်တည်နေထိုင်မှုနဲ့ဆိုင်တဲ့ ကိစ္စ၊ မိမိ တို့ရဲ့အခွင့်အရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ဆုံးဖြတ် နိုင်တဲ့ ဒီမိုကရေစီကျင့်စဉ်တွေ 
 အားကောင်းလာအောင် ဆောင် ရွက်ခြင်းဖြစ်တာကြောင့် အလွန်အရေးကြီးကြောင်း ဖော်ပြလို ပါတယ်။

''ဒါကြောင့် ပြည်သူတွေကြားထဲက ပေါက်ဖွားလာတဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ဆောင်ရွက်လာခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ အစု အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုကို အားကောင်းလာမှာဖြစ်စေတဲ့အတွက် မတူကွဲပြားတဲ့အမြင်တွေ စုစည်းပါဝင်လာစေတဲ့အတွက်၊ တာဝန် ယူမှု တာဝန်ခံမှုတွေ မြှင့်တင်ပေးနိုင်တဲ့အတွက်၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။

ယခုဖိုရမ်တွင် အရပ်ဘက်အဖွဲ့အစည်းများကိုယ်စား Morning Stars ညဏ်ရည်မသန်စွမ်းအဖွဲ့ ဒေါ်သန်းနွယ်အောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းတို့က အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍအတွေ့အကြုံများအား ပြော ကြားကြပြီး ဦးစောထွန်းထွန်းက ပထမအကြိမ် အရပ်ဘက်အဖွဲ့ အစည်းများ၏ အကြိုဖိုရမ်ရလဒ်များကို ရှင်းလင်းတင်ပြသည်။

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်သို့ နေပြည် တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ လူမှုအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ မျိုးဟိန်းအောင်(သတင်းစဉ်)

No comments:

Post a Comment