Saturday, February 25, 2017

ဥပဒေရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် European Court of Auditors rS Ms. Mila Strahilova ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး၊ ဥပဒေရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စသည့် ဦးစားပေး ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီးနောက်EU ၏ အထောက်အပံ့ပေးရေးဆိုင်ရာ အစီအစဉ်အရ မြန်မာ နိုင်ငံတွင်ဆောင်ရွက်နေသည့် My Justice Programအပါအဝင် အခြားလုပ်ငန်းစီမံချက်များသည် မြန်မာနိုင်ငံ၏ ဦးစားပေး အစီအစဉ်များနှင့်ကိုက်ညီရေး၊EU ၏ အထောက်အပံ့များကို ထိရောက်စွာအသုံးပြုနိုင်ရေး၊ လုပ်ငန်းစီမံချက်များ အကောင်အထည် ဖော်ရာတွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များနှင့် ပိုမိုကောင်းမွန်မည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။ (သတင်းစဉ်)

No comments:

Post a Comment