Friday, February 3, 2017

မြောက်ကိုရီးယားနျူဒုံးကျည်ခြိမ်းခြောက်မှုသည် အမျိုးသားလုံခြုံရေးအတွက် ထိပ်တန်းဦးစားပေးဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဆို



Image may contain: 2 people, people standing and suit
ဆိုးလ် ဖေဖော်ဝါရီ ၂
တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ် က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဒုံး လက်နက်ခြိမ်းခြောက်မှုသည် အမျိုးသားလုံခြုံရေးအတွက် ပထမဦးစားပေး ကာကွယ်ရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟု အမေရိကန် နိုင်ငံအနေဖြင့် ရှုမြင်ပါကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် ဟွမ်ကျိုးအန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်တစ်သည် တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတဖြစ်သူ တောင်ကိုရီးယားဝန်ကြီးချုပ်ဟွမ်ကျိုးအန်နှင့် အမျိုးသားလုံခြုံရေး အဖွဲ့အကြီးအကဲ ကင်ကွမ်ဂျင်းတို့အား တွေ့ဆုံခဲ့သည်။
အမေရိကန် နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ကာကွယ် ရေးကဏ္ဍတွင် နျူလက်နက်ကာကွယ် ရေးကွန်ရက် ဖြန့်ကြက်မှုအကူအညီများကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအဖွဲ့ အကြီးအကဲ ကင်ကွမ်ဂျင်းနှင့် တွေ့ဆုံ စဉ် အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့သည်။
ယခုနှစ်တွင်လည်း အမေရိကန် ဒုံးခွင်းလက်နက်များ ဖြန့်ကြက်ထားရှိမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်တစ်နှင့် အမျိုးသားလုံခြုံရေးအဖွဲ့ အကြီးအကဲ ကင်တို့က သဘောတူညီခဲ့ကြသည်။
အမေရိကန်နိုင်ငံသို့ ရောက်ရှိနိုင်သည့် မြောက်ကိုရီးယားတာဝေးပစ် ဒုံးကျည်စမ်းသပ်မှု၏ ဖွံ့ဖြိုးမှုအခြေအနေကို အမေရိကန်ကာကွယ်ရေး ဌာနအကြီးအကဲများက အဆက်မပြတ် စောင့်ကြည့်လျက်ရှိသည်။
မြောက်ကိုရီးယား၏ ဒုံးလက်နက် ဖွံ့ဖြိုးမှုအခြေအနေနှင့်ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်တစ်က တောင်ကိုရီးယားနှင့်ဂျပန် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် ဝန်ကြီးမတ်တစ်သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်းကူးနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်ကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ဝန်ကြီးမတ်တစ်က ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအင်နာဒီနှင့် တွေ့ဆုံမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment