Friday, February 3, 2017

ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု အီရန် အတည်ပြုပြောကြား



Image may contain: 2 people
တီဟီရန် ဖေဖော်ဝါရီ ၂
မကြာသေးမီက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်စမ်းသပ်မှု ပြုလုပ်ခဲ့သည်ဟု အီရန်နိုင်ငံ က အတည်ပြုပြောကြားလိုက်ကြောင်း၊ ဒုံးကျည်ပစ်ခတ် စမ်းသပ်မှု ပြုလုပ်ရခြင်းမှာ အီရန်နိုင်ငံအနေဖြင့် အဟန့်အတားပြု လက်နက်စွမ်းရည်မြှင့်တင်ရေးအတွက် လုပ်ဆောင်နိုင်သော အခွင့်အရေးနှင့်အညီဖြစ်ကြောင်း အထက်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မကြာသေးမီက ဒုံးကျည်သစ်စမ်းသပ်မှုသည် အီရန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အစီအမံများအရဖြစ်ပြီး မိမိတို့၏ စစ်ရေးစစ်ရာများတွင် ပြည်ပနိုင်ငံများ စွက်ဖက်ခွင့်မရှိကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဟူစိန် ဒီကွန်က ပြောကြားသည်။
ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုသည် အီရန်နျူကလီးယား အစီအစဉ်နှင့် သက်ဆိုင်သော သဘောတူညီချက်ကို ဆန့်ကျင်သည့် အဓိပ္ပာယ်မသက်ရောက်ကြောင်း။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၂၂၃၁)ကိုလည်း ချိုးဖောက်ရာမရောက်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment