Monday, February 27, 2017

ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ ရန်ကုန်မြို့၌ လှည့်လည်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာ



Image may contain: 3 people, people standing and beard
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)ရုံးသို့ သွားရောက်လေ့လာကြသည်။
ယင်းနောက် ဆွီဒင်နိုင်ငံလွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် ကမ်းနားလမ်းရှိ ရှေးဟောင်း အဆောက်အအုံများ၊ မဟာဗန္ဓုလ ပန်းခြံနှင့် မြို့တော်ခန်းမတို့ကို လှည့်လည်ကြည့်ရှုကြပြီး သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံးသို့ သွားရောက်လေ့လာကြသည်။
ညပိုင်းတွင် ဆွီဒင်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားသည်။
(သတင်းစဉ်)

No comments:

Post a Comment