Monday, February 27, 2017

ပန်းချီလှတင်ထွန်း စံတော်ချိန်ဆောင်းပါးများ ထုတ်ဝေ



Image may contain: 4 people
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ဆရာပန်းချီလှတင်ထွန်း ရေးသားပြုစုခဲ့သည့် ဆောင်းပါးများကိုစုစည်းကာ စံတော်ချိန်ဆောင်းပါးများ အမည်ဖြင့် စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ နှင်းဆီမြိုင် ပန်းချီပြခန်း၌ ပြုလုပ်ခဲ့သည်။
စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲတွင် ဆရာကြီး အဏ္ဏဝါ(ဦး)စိုးမိုးက မုဒိတာစကားပြောကြားပြီး ပန်းချီဆရာကြီး ဒေါက်တာ ဦးလွန်းကြွယ်နှင့် အလင်္ကာကျော်စွာ ပန်းချီ(ဦး)စိုးမိုးတို့က အမှတ်တရစကားများ ပြောကြားကြသည်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့တက်ရာက်လာသော စာရေးဆရာများနှင့်ဧည့်သည်များအား ဆရာပန်းချီ လှတင်ထွန်းပြုစုရေးသားခဲ့သော စံတော်ချိန်ဆောင်းပါးပေါင်းချုပ်စာအုပ်များကို အမှတ်တရပေးအပ်ခဲ့သည်။
(နေသစ်ဦး)

No comments:

Post a Comment