Monday, February 27, 2017

ဝှီးချဲ(လ်) ခရီးရှည်စီးနင်းသူများ ရမည်းသင်းမြို့သို့ရောက်ရှိ



Image may contain: one or more people, motorcycle, sky, tree and outdoor
ရမည်းသင်း ဖေဖော်ဝါရီ ၂၆
တာဝေးဝှီးချဲ(လ်)စီးနင်းသည့်အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်း ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၁၁ နာရီက ရမည်းသင်းမြို့နယ်သို့ ရောက်ရှိရာ ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ကြိုဆိုနှုတ်ဆက်ပြီး အချိုရည်နှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေမြန်မာတည်းခိုခန်းဝင်းအတွင်းတွင် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှလှဌေးနှင့် ဝန်ထမ်းများက ဝှီးချဲ(လ်)စီးနင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးစစ်ပေးပြီး လိုအပ်သည့်ဆေးဝါးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ တာဝေးစီးနင်းသည့် ဝှီးချဲ(လ်)အဖွဲ့သည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့သို့ ဆက်လက်ထွက်ခွာသွားပြီး ညပိုင်းတွင် မျက်မမြင်သူများ က တေးဂီတများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment