Saturday, February 25, 2017

ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော်ကြီး နေပြည်တော် တပ်မတော်ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ကုသ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဖူးမြော်ကြည်ညို



နေပြည်တော် ဖေဖော်ဝါရီ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး မျက်စိခွဲစိတ်ကုသဆောင်၌ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒန္ဒ္တသီလဝံသ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ မျက်စိခွဲစိတ်ကုသမှုအခြေအနေနှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်၌ ရဟန္တာ(၁ဝဝဝ) ရှင်ပင် မြတ်စွာ အောင်သုခစေတီတော်ကြီး တည်ထားကိုးကွယ်မည့်အခြေအနေကို လျှောက်ထားမေးမြန်းကာ အာဟာရများ ဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment