Wednesday, February 1, 2017

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်နှစ်စင်းတိုက်မှုဖြစ်ပွား



Image may contain: outdoor, nature and water
ကလေးဝ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် မန်ဖာကျေးရွာအုပ်စု၊ မန်ဖာလေးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ မုံရွာမှ ဟုမ္မလင်းသို့ မောင်းနှင်လာသည့် ဟိန်းမင်းအဆန်ကုန်တင်ရေယာဉ်နှင့် ဟုမ္မလင်းမှ မုံရွာသို့ မောင်းနှင်လာသည့် ပြည်တော်အေးအစုန်ကုန်တင်ရေယာဉ်တို့သည် ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီ မိနစ် ၂ဝ က တိုက်မှုဖြစ်ပွားခဲ့သည်။
ဟိန်းမင်းအဆန်ကုန်တင်ရေယာဉ်တွင် ရေယာဉ်ပဲ့နင်း ဦးကျော်ဆွေနှင့် ပိုင်ရှင်ဦးကျော်မြင့်တို့အပါ အမျိုးသား ငါးဦး လိုက်ပါ၍ ဒီဇယ်ပီပါ အလုံး ၂ဝဝ၊ ဆန် ၁ဝဝ အိတ်၊ ကုန်မျိုးစုံ ၁ဝဝ တင်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်တော်အေးအစုန်ကုန်တင်ရေယာဉ်တွင် ရေယာဉ် ပဲ့နင်း ဦးအောင်ကိုထက်နှင့် ပိုင်ရှင်ဒေါ်ချိုမာတို့အပါ အမျိုးသား ငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး လိုက်ပါ၍ ဖွဲအိတ် ၁၁၄ အိတ်၊ ဆန်အိတ် ၂ဝ၊ ရေနံချေး ၁၅ ပုံး တင်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါရေယာဉ်တိုက်မှုတွင် ထိခိုက်သေဆုံးသူ မရှိကြောင်းနှင့် အခင်းဖြစ်ပွားသည့်နေရာသို့ ကလေးဝ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ က လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ချင်းတွင်းသား
ဓာတ်ပုံ-မော်လိုက်(ပြန်/ဆက်)

No comments:

Post a Comment