Thursday, February 2, 2017

မောင်တောမြို့နယ်၌ ရေမျောကမ်းတင်နေသည့် စက်လှေတစ်စင်းနှင့် လူနှစ်ဦး ဖမ်းဆီးရမိ

Image may contain: one or more people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၁
မောင်တောမြို့နယ် သပြေတောချောင်းဝတွင် မျောလာသော စက်လှေတစ်စင်း နှင့် လူနှစ်ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တပ်မတော်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရေမျောကမ်းတင်နေသော အလျား ပေ ၃ဝ၊ အနံ ၁ဝ ပေခန့်ရှိ မြင်းကောင်ရေ ၁၈ ကောင် တရုတ် အင်ဂျင်တပ် စက်လှေအား သပြေတောချောင်းဝတွင် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါစက်လှေပေါ်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာ၌ နေထိုင်သူ အီနူဘော် အာမတ်၏သား အင်နာရော့ဒူရာ (၂၈)နှစ်နှင့် မောင်တောမြို့နယ် ကညင်တန်းကျေးရွာနေ ဆော်ရာအမိန်၏သား ရှိတ်ကူ (၁၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ ထွက်ဆိုချက်အရ အင်နာရော့ဒူရာသည် လွန်ခဲ့သည့် ရှစ်နှစ် ခန့်ကလည်းကောင်း၊ ရှိတ်ကူသည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့ ရွှေမဖြူချောင်းရွာသို့ သွားရောက်နေထိုင် ခဲ့သူများဖြစ်ကြောင်း သိရသဖြင့် ¤င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment