Wednesday, February 1, 2017

မိုးမိတ်ခရိုင်တွင် စာဖတ်စွမ်းရည်၊ ပန်းချီ၊ စက္ကူခေါက်၊ စကားရည်လုပြိုင်ပွဲများ ကျင်းပ


Image may contain: 6 people, people standing and indoor

မိုးမိတ် ဇန်နဝါရီ ၃၁
မိုးမိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အားထားယုံကြည်ရသော လူမှုအခြေပြုဗဟိုဌာန (Community Center)နှင့် လူမှုအခြေပြုစာကြည့်တိုက်(Community Library)အဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကား ရည်လုပြိုင်ပွဲတို့ကို ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်သန်းဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ထက်၊ လယ်၊ မူ ကျောင်းသား ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများကို ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment