Wednesday, February 1, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအား လက်ခံတွေ့ဆုံ



Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးH.E. Mr. Andrew Patrick ၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Peter Lysholt Hansen ၊ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ Mr. Colin STEINBACH တို့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment