Wednesday, February 1, 2017

ဘာသာရေးအဆောက်အအုံအတွင်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဖမ်းဆီးအရေးယူ

Image may contain: 1 person, hat, selfie and closeup

တိုရွန်တို ဇန်နဝါရီ ၃၁ 

 ကနေဒါရှိ ဘာသာရေး အဆောက်အအုံ တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ် မှုတွင် ပြင်သစ်လူမျိုး ကနေဒါနိုင်ငံသား တက္ကသိုလ်ကျောင်းသားတစ်ဦးက တစ်ကိုယ်တော်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ သည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိခဲ့ရပြီး နောက်တွင် ၄င်းအား လူခြောက်ဦးကို ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း ကနေဒါ အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒီရူသည် အဆိုပါ တိုက်ခိုက် မှုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု အဖြစ် ကဲ့ရဲ့ရှုတ်ချခဲ့သည်။
တနင်္ဂနွေနေ့ ညနေခင်းတွင် ဆုတောင်းဝတ်ပြုသူများအား တိုက်ခိုက် ခဲ့မှုကို လုပ်ဆောင်ခဲ့သူမှာ အလက်ဇန်း ဒရီးဘစ်စန်နက်တီ အသက်(၂၇ နှစ်)ဖြစ်ကြောင်း တရားရုံးက သက်သေ အထောက်အထားများကို ဖော်ပြနိုင် ခဲ့ပြီး ၄င်းအားလူခြောက်ဦးကို သတ်ဖြတ် မှုနှင့် သေစေသည့်လက်နက်တစ်ခုဖြင့် လူသတ်ရန် ကြိုတင်ကြံစည်မှုတို့ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့သည်။
တရားစွဲဆိုသူများက လာဗယ် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ် သည့် ဘစ်စန်နက်တီအား လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။သေနတ်ပစ်ခတ်ခံရပြီး သေဆုံး သွားသူခြောက်ဦးထဲတွင် သားသတ် သမားတစ်ဦး၊ တက္ကသိုလ်ပါမောက္ခတစ်ဦး၊ ဆေးဝါးရောင်းချသူတစ်ဦးနှင့် စာရင်း ကိုင်တစ်ဦးတို့ ပါဝင်ကြောင်း ကနေဒါ သတင်းမီဒီယာများက ဖော်ပြသည်။
(ရိုက်တာ)

No comments:

Post a Comment