Sunday, February 26, 2017

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအသိပညာပေးဟောပြော



Image may contain: one or more people and indoor
ဝန်းသို ဖေဖော်ဝါရီ ၂၅
မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ရပ်လုံးအား ခြိမ်းခြောက်လျက်ရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းအား ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာ စေရန်အတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီက ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာအုပ်စု အင်ဂုံ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်းသိုမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းဦးတို့က မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲသို့ ကင်းမြင်သာကျေးရွာ၊ အင်ဂုံကျေးရွာ၊ ပိန်းကန်ကျေးရွာ၊ ခပ်ချို ကျေးရွာနှင့် ကိုးပင်ကျေးရွာတို့မှ ပြည်သူ ၁ဝ၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးထွန်း(ဝန်းသို)

No comments:

Post a Comment