Sunday, February 26, 2017

မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှူဒါန်း

Image may contain: 8 people, people sitting

မောင်တော ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန် ရေနှင့်အသုံးအဆောင်ပစ္စည်းများအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီများမှ တာဝန်ရှိသူများ၊ UN ၊ UNHCR မှ တာဝန်ရှိသူများက ကျီးကန်းပြင်၊ ဝပိတ်၊ မောင်နှမ၊ စံပြဖားဝပ် ချောင်း၊ ငန်းချောင်း၊ လောင်းဒုံး ကျေးရွာများအရောက် ယနေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းသည်။
ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ''ဒီနေ့ လာရောက်လှူဒါန်းတဲ့ ပစ္စည်းတွေကို နိုင်ငံတော်အဆင့်က လက်ခံရယူပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တစ်ဆင့်လွှဲပြောင်းပေးအပ်ကာ အခုလို စနစ်တကျ လာရောက်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုဟာ များစွာအရေးပါပါတယ်။ တည်ငြိမ်အေးချမ်းမှုရရှိစေဖို့ ဒေသခံတွေ ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှသာလျှင် အောင်မြင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ ကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်'' ဟု ပြောကြားသည်။ ထို့နောက် UN ၊ UNHCR နှင့် တာဝန်ရှိသူ အဆင့်ဆင့်တို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီးလည်းကောင်း၊ ပစ္စည်းများ လက်ခံရရှိမှု စာရင်းဇယားပြုစုထားရှိ မှုနှင့် ဆက်လက်ဖြန့်ဝေသွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီးလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ မောင်တောခရိုင် စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များ အတွက် ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲဖာ ၁၈၄၆၊ ရေသန့်ဖာ ၉၇၅၊ သွားတိုက်ဆေးဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ မျက်နှာသုတ်ပဝါ ၉၄ ဖာ၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ရှစ်ဖာ၊ အမျိုးသမီးသုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ် ကိုး ဖာ၊ ဖိနပ်ထုပ် ၅ဝ ဖြစ်ကြောင်း သိရသည်။
အေးမြ(မန္တလေး)၊ အေးမင်းသူ

No comments:

Post a Comment