Monday, February 27, 2017

အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

No automatic alt text available.
သိန္နီ ဖေဖော်ဝါရီ ၂၆
သိန္နီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် သတင်း အရ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့်ယာဉ်များကို တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်း၌တားဆီးစစ်ဆေးရာ ယာဉ် အမှတ် 5E----- ၁၂ ဘီးယာဉ် ပေါ်တွင် စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 7L--- Hino Canter ယာဉ်ပေါ်တွင် စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 2D---- အောင်ကျော်မိုး ခရီးသည်တင်ယာဉ် ပေါ်တွင်ပါလာသည့် Speaker များ၊ ယာဉ်အမှတ် DD--- Nissan ADVAN ယာဉ်ငယ်ပေါ်တွင် အဝတ်အထည်များ၊ ယာဉ်အမှတ် CC---- Probox ယာဉ်ငယ်ပေါ်တွင် အဝတ်အထည်များ၊ ယာဉ်အမှတ် 6K---- Nissan Lightruck ATLAS ခြောက်ဘီးယာဉ်ပေါ်တွင် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 4L- --- Fuso Lightruck ခြောက်ဘီးယာဉ်ပေါ်တွင် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 1K---- Nissan Lightruck ATLAS ခြောက်ဘီးယာဉ် ပေါ်တွင် စားသောက်ကုန်နှင့်လူသုံး ကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 71M---- Fuso Canter ခြောက် ဘီးယာဉ်ပေါ်တွင် စားသောက်ကုန် ပစ္စည်းများအား အကောက်ခွန်မဲ့ စစ်ဆေးတွေ့ရှိသဖြင့် ပစ္စည်းများကို အသေးစိတ်စစ်ဆေးခြင်း၊ တန်ဖိုး ဖြတ်ခြင်းများ ဆောင်ရွက်ရန် လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ လွှဲပြောင်းသွား မည်ဖြစ်ကြောင်း သိရသည်။
ချစ်လှ(ပြန်/ဆက်)

No comments:

Post a Comment