Thursday, February 2, 2017

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးတွေ့ဆုံ



Image may contain: 5 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov သည် ဇန်နဝါရီ ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိတည်ငြိမ်အေးချမ်းမှုနှင့် နှစ်ဖက်လူ့အဖွဲ့အစည်း အတူလက်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ များထောက်ပံ့နေမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် များစွာအထောက်အကူဖြစ် စေနိုင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးရည်ရွယ်၍ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာများထောက်ပံ့ပေးနေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီပေးနေမှုအခြေအနေများ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံ မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံ ဆက်လက်ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment