Thursday, February 2, 2017

ရမည်းသင်းမြို့နယ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်



Image may contain: one or more people, tree, sky, outdoor and nature
ရမည်းသင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးခွင့်ပြုရန်ပုံငွေ ၁၂၅ ဒသမ ၉ဝ၉ ကျပ်သန်း အကုန်အကျခံ၍ ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများဖြစ်သည့် ကင်မွန်းခြုံရွာမှ အင်ပင်ကြီးရွာ 11 KVA ဓာတ်အားလိုင်း ၃ ဒသမ ၄၂ မိုင် (၇၁ ဒသမ၂၁၁ ကျပ်သန်း)၊ အင်ပင်ကြီးရွာ 315 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက် ခြင်း(၁၅ ဒသမ ၃၉၄ ကျပ်သန်း)၊ အင်းကုန်းကျေးရွာ 315 KVA ထရန်စဖော်မာ တစ်လုံးနှင့် 11 KVA ဓာတ်အားလိုင်း သုည ဒသမ ၂၂ မိုင် တည်ဆောက်ခြင်း (၁၉ ဒသမ ၈၅၇ ကျပ်သန်း)၊ အလယ်ကုန်းကျေးရွာ 200 KVA ထရန်စဖော်မာ နှစ်လုံးတည်ဆောက်ခြင်း (၁၉ ဒသမ ၄၄၇ ကျပ်သန်း) ခွင့်ပြုရန်ပုံငွေများမှ ၅ဝ ရာခိုင်နှုန်း ၆၂ ဒသမ ၉၅၄၅ ကျပ်သန်း ပထမအရစ်ကို ဇန်နဝါရီ ၁၈ ရက်တွင် ကျေးရွာလျှပ်စစ်မီးလင်းရေးဥက္ကဋ္ဌ ဦးအောင်မျိုးဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့မှထုတ်ယူ၍ ရမည်းသင်းစီးပွား ရေးဘဏ်သို့ ငွေများအပ်နှံ၍ ၎င်းကျေးရွာများသို့ ဇန်နဝါရီ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးအေးမင်းဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးညွန့်ဝင်းတို့ကွင်းဆင်း၍ ထရန်စဖော်မာနေရာ များသတ်မှတ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းဓာတ်တိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို သွားရောက်စစ်ဆေးကြပြီး လုပ်ငန်းများ (၂)လပိုင်းအကုန် အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တင်ဦး(ရမည်းသင်း)

No comments:

Post a Comment