Thursday, February 2, 2017

ဘုန်းတော်ကြီးနှင့် သီလရှင် ပညာရေးကျောင်းများသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း



Image may contain: 8 people, people sitting, people eating, child and food
ရန်ကုန် ဖေဖော်ဝါရီ ၁
Greater Mekong Initiative ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီး Mrs. Akie Abe နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၁)ရပ်ကွက်ရှိ မြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ပြီး အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းကြသည်။
ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မေတ္တာရောင်ခြည် သီလရှင်သင် ပညာရေးကျောင်း၊ သန်လျင်မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရုံ ရွှေကျင် ကျောင်းတိုက်ရှိ ရွှေကျင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သီတဂူသာသနာပြုကောလိပ်ရှိ ဓမ္မဒီပဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဒဂုံမြို့နယ်ရှိ မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းများသို့ သွားရောက်ကြပြီး အလှူငွေနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment