Wednesday, February 1, 2017

ငြိမ်းချမ်းရေးစာချုပ်ကို ချိုးဖောက်သည်ဟု ယူကရိန်းနှင့် ရုရှား အပြန်အလှန်စွပ်စွဲ

Image may contain: 1 person, standing and suit

ကိရက်ဗ် ဇန်နဝါရီ ၃၁

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယူကရိန်း အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့ သည့် တိုက်ခိုက်မှုများကြောင့် သေကျေ ပျက်စီးရမှုများနှင့် တိုက်ပွဲများကြောင့် အရပ်သားများစွာတို့ ရေနှင့် လျှပ်စစ် ဓာတ်အား ပြတ်တောက်ခဲ့မှုများနှင့် ပတ်သက်၍ ယူကရိန်းနှင့် ရုရှား နိုင်ငံတို့သည် အဂ¯နေ့တွင် တစ်ဖက် နှင့်တစ်ဖက် အပြစ်ဖို့ခဲ့ကြကြောင်း သိရသည်။
အစိုးရ ထိန်းချုပ်ထားသည့် အဗ္ဗဒီယစ်ဗကာစက်မှုလုပ်ငန်း မြို့နယ် တစ်ခုကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး မင့်စ် သဘောတူစာချုပ်ကို ဖီဆန်ကာ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှု အပေါ် ယူကရိန်းတပ်မတော်နှင့် ရုရှား ကျောထောက်နောက်ခံပြုထားသည့် ခွဲ ထွက်ရေးသမားများသည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများ လုပ်ဆောင်လျက်ရှိသည်။
ဒီဇင်ဘာလလယ်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲများကြောင့် တနင်္ဂနွေနေ့တွင် ယူကရိန်းတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အစိုးရဘက်မှ သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
ရုရှားသည် မင့်စ်သဘောတူ စာချုပ်ပါ အချက်အလက်များကို အလေးမထားဘဲ ကတိကဝတ်ဖောက် ဖျက်မှုများ ပြုလုပ်နေသည်ကို လတ်တလော ဖြစ်ပွားနေသည့် ကျူးကျော်တိုက်ခိုက်မှုများက အထင် အရှား ပြသနေသည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ သည်။
ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီတွင် သဘော တူညီ လက်မှတ်ရေးထိုးခဲ့သော်လည်း နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်မြဲအတိုင်း ဖြစ်ပွားလျက်ရှိပြီး အပစ်ရပ်စာချုပ်ကို ချိုးဖောက်လျက်ရှိကြောင်း နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက အစီရင် ခံစာများ မကြာခဏ ပေးပို့ခဲ့ကြ သည်။ (ရိုက်တာ)

No comments:

Post a Comment