Saturday, February 25, 2017

နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဆွီဒင်နိုင်ငံRiksdag လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

  တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေ ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ (သတင်းစဉ် )

No comments:

Post a Comment